MNP ၊ ဩဂုတ် ၁၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ လူငယ်များဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ နှုတ်စွမ်းရည်တိုးတက်စေရန် လူငယ်များအချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စဉ်းစားတွေးခေါ်မှုစွမ်းရည်များ ရင့်သန်လာစေရန်နှင့် ကိုယ့်ကျင့်တရားကောင်းမွန်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က(ခွဲ) ပေကုန်းကျောင်း၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်စတယ်လာထွန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်သင်းသင်းအေးက Moderator အဖြစ်ဆောင်ရွက်ကာ Grade- 11၊ Grade-10 နှင့် Grade-9 ကျောင်းသူ(၅)ဦးက ဆွေးနွေးခဲ့ရာ G-11 ကျောင်းသား မောင်ကျော်ဇင်လင်းက “လူ့တန်ဖိုး” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ G-11 ကျောင်းသားမောင်ဇော်လင်းက “လူငယ်နှင့်ရန်ငြှိုး ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ G-10 ကျောင်းသား မောင်မြတ်သီဟဦးက “လူငယ်နှင့်အမှိုက်” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ G-9 ကျောင်းသား မောင်ယောလင်္ကာဝင်းက “စာဖတ်ခြင်းဖြင့်ကြီးမြင့် လိမ့်မည်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ G-9 ကျောင်းသားမောင်ရဲရင့်အောင်က “အောင်မြင်မှုနှင့်လူငယ်” ခေါင်းစဉ်ဖြင့်လည်းကောင်း အောင်မြင်ထွန်းတောက်သော လူငယ်များဖြစ်ရန်အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား/သူများမှ ဆွေးနွေးမှုများအပေါ် တဖန်သိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြောင်း သိရသည်။
အခမ်းအနားအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် ကလေးအလုပ်သမား ပပျောက်ရေးနံရံကပ်နှင့် အပြည်ပြည်ဆိုင်ရာမူယစ်ဆေးဝါး အန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များအား ကျောင်းသား/ကျောင်းသူလေးများက ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
လပြည့်လင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment