MNP ၊ ဩဂုတ် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ၂၀၂၃ ခုနှစ် ကမ္ဘာ့မိခင် နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို သြဂုတ် ၁၅ နံနက် (၁၀)နာရီအချိန်တွင် အိမ်မဲပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးကျော်အောင်က အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှုအကြောင်း ရှင်းလင်းကာ အာဟာရတန်ဖိုးများအကြောင်း အသိပညာပေးခြင်း၊ စံပြဆုရရှိသော မိခင်များအား စံပြမိခင်ဆု ချီးမြှင့်ခြင်း၊ အသက်(၆)လမှ (၅)စ်နှစ်အောက်ကလေးများအား အင်အားပြည့်ဗီတာမင်အေ တိုက်ကျွေးခြင်း၊ အသက်(၂)နှစ်မှ (၅)နှစ် အောက်ကလေးများအား သန်ချဆေးတိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအား သံဓါတ်ဆေးပြားနှင့် ဗီတာမင် ဘီဝမ်း ဆေးပြားများ တိုက်ကျွေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ထို့နောက် ဧည့်သည်တော်များမှ အာဟာရပြည့်ဝသော အစားအစာများ သရုပ်ပြခြင်းနှင့် အာဟာရဖွံ့ဖြိုးရေးပညာပေး ပြခန်းငယ်အား ကြည့်ရှုအားပေးခဲ့ကာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီ၊ အမျိုးသမီးရေးရာ၊ မိခင်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မိခင်နှင့်ကလေးကျန်းမာရေးမြှင့်တင်သူများ၊ (၅)နှစ်အောက် ကလေးများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များ တက်ရောက်ခဲ့သည်။
ချစ်သက်လယ်
https://t.me/MyanmarNationalPost
No comments:
Post a Comment