အမ်းမြို့နယ်၌ မြတ်စွယ်တော်ကုန်းနှင့်ဓာတ်ပေါင်းစုစေတီ ဘုရားပုရဝုဏ်အ တွင်း၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်၌ မြတ်စွယ်တော်ကုန်းနှင့်ဓာတ်ပေါင်းစုစေတီ ဘုရားပုရဝုဏ်အ တွင်း၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်





MNP ၊  ဩဂုတ်  ၁၂

     ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့ နယ် ရှိ မြတ်စွယ်တော်ကုန်းနှင့် ဓာတ်ပေါင်းစုစေတီ ဘုရားပုရဝုဏ်အတွင်း၌ ခရိုင်/မြို့နယ် အဆင့်ဌာဆိုင်ရာများစု​ေပါင်း၍ သန့်ရှင်းသာယာလှပရေးအ တွက်စုပေါင်းသန့်ရှင်း​ရေးဆောင်ရွက်ခြင်းကိုယနေ့ နံနက်ပိုင်းက ခရိုင်/မြိုနယ်

 ဌာနဆိုင်ရာများမှစုပေါင်း ကုသိုလ်ယူ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။


    အဆိုပါ စုပေါင်းသန့်ရှင်းရေးကိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင် ဇော်ထက်နှင့်အဖွဲ့ဝင်များ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များကကြီးကြပ်မှုဖြင့် ခရိုင်/ မြို့ နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့် ဝန်ထမ်း​များ၊ မြို့နယ် ရဲတပ်ဖွဲ့၊မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ် ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ပြည်သူ များပူးပေါင်း၍ မြတ်စွယ်တော်ကုန်းနှင့်ဓာတ်ပေါင်းစုစေတီ ဘုရားပုရဝုဏ်အ တွင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပ ရေးအတွက်  ခြုံနွယ် ပေါင်းမြက်များကို ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်ကောက်ခြင်းတို့ ကို ကုသိုလ်ယူဆောင်ရွက်ခဲ့ကြ ကြောင်းသိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)