MNP ၊ ဩဂုတ် ၁၂
ရခိုင်ပြည်နယ်၊ အမ်း၊ အမ်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊အမျိုးသမီးရေးရာ မိခင်
နှင့်ကလေးေစာင့်ရှောက်ရေးအသင်းနှင့်မြို့နယ်ကျန်းမာရေး ဦးစီးဌာန တို့ပူးပေါင်း၍ ယမန်နေ့ လည်အချိန်တွင်စျေးရပ်် ကွက် ဇာဒီမော်ကျေးရွာ အခြေခံ ပညာမူလတန်းကျောင်း၌ လူငယ်အသိ ပညာပေးဟောပြောပွဲကျင်းပခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းကကျောင်းသားကျောင်းသူများအားအသိ ပညာဗဟုသုတရရှိရေးအတွက် ကျောင်းစာကြည့်တိုက်များ၊ စာဖတ်ခန်းများဖွင့်လှစ်နိုင်ရေး၊ လူကုန်ကူးခံရမှုများမရှိစေရေးအသိပညာပေးဟောပြောဆွးနွေးခဲ့သည်။
ဆက်လက်၍ ကျောင်ကျန်းမာရေးအတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာန မှ သူနာပြု ဦးစီးအရာရှိဒေါ်မြင့်မြင့် အေးက မိုးရာသီအဖြစ်များသော သွေး လွန်တုတ်ကွေးရောဂါ၊သန် ကောင်ရော ဂါ၊အဟာရဖွံ့ဖြိုးရေးအတွက်စာသုံးရန်သင့်သောအစားအစာများ၊သန့်သုံးသန့်အကြောင်းအ ရာများအားဟောပြောကာ ဇာဒီမော်ကျေးရွာအခြေခံပညာမူလတန်းကျောင်းမှ KG တန်းမှ ကလေးသူငယ်များအားအရပ်တိုင်းတာခြင်း၊ပေါင်ချိန်တိုင်တာ ပေးခြင်းနှင့်အလေးချိန်ပေးခြင်းများများအားပြုလုပ်ပေးခဲ့သည်။
ဆက်လက်ပြီးကျောင်းသားကျောင်းသူများ၏မိခင်များအားအား ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းကလူကုန်ကူးခံရမှုမဖြစ်စေရေးအတွက်နံရံကပ်စာ စောင် ဖြင့်ရှင်းလင်းပြောကြားရာ စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှု့ခဲ့ကြကြောင်းသိရသည်။
https://t.me/MyanmarNationalPost






No comments:
Post a Comment