အ.ထ.က(မိုးညို)၌ ကျောင်းကောင်စီအသင်းဘောလုံးပြိုင်ပွဲပိတ်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အ.ထ.က(မိုးညို)၌ ကျောင်းကောင်စီအသင်းဘောလုံးပြိုင်ပွဲပိတ်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ




MNP ၊  ဩဂုတ်  ၂၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ဇောတိကရပ်ကွက်ရှိ အ.ထ.က(မိုးညို) ကျောင်းအားကစားကွင်းအတွင်း၌ ကျောင်းကောင်စီအသင်းဘောလုံးပြိုင်ပွဲ ပိတ်ပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။


ရှေးဦးစွာ အ.ထ.က(မိုးညို)ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးညီညီဇော်နှင့်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဦးအောင်ကျော်ဟန်တို့က အမှာစကားပြောကြားသည်။ ထို့နောက် အ.ထ.က(မိုးညို)မှ ကျောင်းအုပ်ဆရာမကြီးဒေါ်စန်းစန်း‌ထွေးက ကျောင်းသား၊ ကျောင်းသူများ အားကစားကိုစိတ်ဝင်စားမှုမြင့်မားစေရန်၊ ကျန်းမာကြံ့ခိုင်ပြီးဗလငါးတန်နှင့်ပြည့်စုံစေရန်ရည်ရွယ်၍ အားကစားပွဲများပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ ဘောလုံးပြိုင်တွင်ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည့်အသင်းများ စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်နဲ့ ပြိုင်ပွဲဝင်ခဲ့သည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ ပြိုင်ပွဲအစမှအဆုံးအထိ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့သူများအားလုံးကို အထူးကျေးဇူးတင်ရှိကြောင်းပြောကြားသည်။


ဆက်လက်၍ ပြိုင်ပွဲတွင်ဆုရရှိသူများအားဆုများချီးမြှင့်ရာ ပထမဆုရရှိသည့် ကျန်စစ်သားအသင်း၊ ဒုတိယဆုရရှိသည့် အနော်ရထာအသင်းနှင့် ဂိုး၊ ရှေ့တန်း၊ အလယ်တန်း၊ နောက်တန်းအကောင်းဆုံးဆုရရှိသူများ၊ နှစ်သိမ့်ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


ကိုမင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)