ကျိန္တလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးခြင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိန္တလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးခြင်းဆောင်ရွက်




MNP ၊  ဩဂုတ်  ၂၁

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့ နေ့လည်ပိုင်းက မြို့စည်ပင်သာယာရေးရုံးနှင့် မြို့လျှပ်စစ်ရုံးရှိ ဝန်ထမ်းများအား အခမဲ့ငှားရမ်းပေးခဲ့သည်။


ထိုသို့ဆောင်ရွက်ရာတွင် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဝန်ထမ်းများအား စာပေ ဖတ်ရှုနိုင်စေရေး၊ စာပေမှရရှိသည့်အသိပညာဗဟုသုတများ တိုးပွားစေရေးနှင့် စာပေဖတ်ရှုသည့် အလေ့အထများ ရရှိစေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး သုတ/ ရသ စာအုပ်များကို စာဖတ် ပရိတ်သတ်အကြိုက် ငှားရမ်းပေးခဲ့သည်။


အဆိုပါ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို တစ်ပတ် ပြည့်လျှင် စာအုပ်အသစ်များဖြင့် လဲလှယ်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်းသိရသည်။


ဇော်လင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)