ပုသိမ်-ရန်ကုန်ကားလမ်းမကြီးတွင် မော်တော်ယာဉ်တိမ်းမှောက်ပြီး အမျိုးသား ၃ဦး သေဆုံး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုသိမ်-ရန်ကုန်ကားလမ်းမကြီးတွင် မော်တော်ယာဉ်တိမ်းမှောက်ပြီး အမျိုးသား ၃ဦး သေဆုံး


MNP ၊ သြဂုတ် ၂၀

၂၀.၈.၂၀၂၃ ရက်နေ့၊ ၁၄ ၁၅ အချိန်ခန့်၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ လေးလွန်းပင်ကျေးရွာ၊ လေးလွန်းပင်ကွေ့၊ ပုသိမ်-ရန်ကုန်ကားလမ်းမကြီး၊ မိုင်တိုင်အမှတ်(၃၈/၂)နှင့်(၃၈/၃)ကြားတွင် ယနေ့ နေ့လည် ၂ ၁၅ မိနစ်အချိန်ခန့်က Nissan ယာဉ်(၁)စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါ အမျိုးသား (၃)ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာသို့ ညောင်တုန်းမြို့နယ် မီးသတ်စခန်းနှင့် ဆားမလောက်နယ်မြေမီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်စဉ်ကြောင့် ကျား(၃)ဦး(သေဆုံး)တို့အား မျိုးဆက်သစ်လူမှုကူညီရေးအသင်းယာဉ်နှင့် ကြက်ခြေနီအသင်းမှယာဉ်တို့ဖြင့် ချောင်းကြီးတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)