ရွှေဘိုမြို့နယ်၊ ချီပါကျေးရွာရှိ အခြေခံပညာကျောင်းကို အကြမ်းဖက်စခန်းအဖြစ် အသုံးပြုနေသည့် PDF အကြမ်းဖက်အဖွဲ့ကို ရှင်းလင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေဘိုမြို့နယ်၊ ချီပါကျေးရွာရှိ အခြေခံပညာကျောင်းကို အကြမ်းဖက်စခန်းအဖြစ် အသုံးပြုနေသည့် PDF အကြမ်းဖက်အဖွဲ့ကို ရှင်းလင်း






MNP ၊ သြဂုတ် ၂၀

ရွှေဘိုမြို့နယ်  ချီပါကျေးရွာအား လုံခြုံရေးအဖွဲ့များမှ သတင်းအရ ယနေ့ နံနက် ၅ နာရီချိန်ခန့်မှစတင်၍ အသေးစိတ်ရှင်းလင်းခဲ့ရာ  ကျောင်းသား/သူများ ပညာသင်ကြားရာတွင် အသုံးပြုသည့် အခြေခံပညာအထက်တန်းကျောင်းအတွင်းရှိ ကျောင်းဆောင်များ၌ PDF အကြမ်းဖက်သမားများ၏ လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေဖော်ထုတ် ရှင်းလင်းရာ PDF အကြမ်းဖက်သမားများ၏  လက်လုပ်သေနတ်(အရှည်) ၈ လက်၊ လက်လုပ်သေနတ်(အတို) ၁ လက်၊ လက်လုပ်မိုင်း ၄ လုံး၊ ပြောက်ကျားယူနီဖောင်း ၈ စုံ၊ ဝါယာကြိုး(နီ/နက်) ၁ ခွေ၊ ရီမု ၄ ခု၊ Wish အမျိုးအစား လိုင်စင်မဲ့ကား ၁ စီး တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)