MNP ၊ ဩဂုတ် ၁၉
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်း မြို့ အမှတ်(၁)စက်မှု စိုက်ပျိုးနှင့်မွေးမြူရေးအထက်တန်းကျောင်းဝင်း၌စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက ခရိုင်မြို့နယ်ဌာနဆိုင်ရာများစု ပေါင်း၍ဆောင်ရွက်ခဲကြကြောင်းသိရသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကိုအနောက်ပိုင်းတိုင်းစစ်ဌာန ချုပ် ဒုတိယတိုင်းမှူး ဦးဆောင်၍ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ ကြီးကြပ်မှုဖြင့် ခရိုင်/ မြို့ နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ တပ်ရင်းတပ်ဖွဲ့များမှတပ် မတော်သားများ၊ ရပ်ကွက်ကျေးရွာအုပ် ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ပြည်သူ များပူးပေါင်း၍ အမှတ်(၁)စက်မှု စိုက်ပျိးနှင့်မွေးမြူရေးအထက်တန်းကျောင်းဝင်းအတွင်းမြို့အင်္ဂါရပ်နှင်ံ့အညီပတ် ဝန်းကျင်သန့်ရှင်းသာယာလှပရေးပအ တွက် ခြုံနွယ် ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်း ဆောင်ရွက်ခြင်းအားစုပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ဆက်လက်ပြီးဒုတိယတိုင်းမှူး ဦးဆောင်၍ ခရိုင်/မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဖွဲ့ဝင်များသည်အမှတ်(၁) စက်မှု စိုက် ပျိုးနှင့်မွေးမြူရေးအထက်တန်းကျောင်းဆောင်အတွင်းလှည့်လည်စစ်ဆေးပြီးဆရာဆရာမများနှင့်တွေ့ဆုံကာသင်ကြားမှုများ၊သင်ခေါက်ကူပစ္စည်းများအခက်အခဲများရှိ မရှိမေးမြန်းကာလို အပ်ချက်များအားပေါင်းစပ်ဆောင် ရွက်ပေးခဲ့ကြကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment