ကျောက်ဖြူမြို့ သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့ သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးပြုလုပ်






MNP ၊  ဩဂုတ်  ၁၉

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ သန့်ရှင်းသာယာလှပစေရေး အတွက် ယနေ့ နံနက်ပိုင်းက ဌာနဆိုင်ရာများစုပေါင်း၍   စေတီယျတောင် တောင်စောင်းတစ်လျှောက် စုပေါင်းသန့်ရှင်းရေး ပြုလုပ် ဆောင်ရွက်ကြသည်။


ထိုသို့ စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်လျက်ရာ၌ စေတီရပ်ကွက်ရှိ ကျောက်ဖြူ- မအီကား လမ်းဘေး စေတီယျတောင်၊ တောင်စောင်းတစ်လျှောက် ပေါက်ရောက်နေသည့် ခြုံနွယ်၊ ပေါင်းပင်၊ မြက်ပင်များအား ကျောက်ဖြူတပ်နယ်မှ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများမှ စုပေါင်း သန့်ရှင်းရေးများ ပြုလုပ်ဆောင်ရွက်ကြသည်။


ယင်းသို့ စုပေါင်းသန့်ရှင်းရေးများပြုလုပ်ရာသို့ ကျောက်ဖြူတပ်နယ်မှ ဗျူဟာမှူး၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဠနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများမှ ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားကြောင်း သိရသည်။


တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)