MNP ၊ ဩဂုတ် ၁၉
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ဓညဝတီရေတပ်စခန်းဌာနချုပ်မှ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား စားသောက်ရေးများအဆင်ပြေစေရန်နှင့် ၎င်းတို့လိုအပ်သည့် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်စေရန်အတွက် ယနေ့ နံနက်ပိုင်းက အစိုးရရပ်ကွက်၊ မြေစာရင်း လမ်းဆုံနေရာ၌ ဝက်သား၊ ကြက်သား၊ ဘဲသား နှင့် ကြက်ဥများကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာ စွာဖြင့် ရောင်းချပေးလျက်ရှိသည်။
ထိုသို့ ဝက်သား၊ ကြက်သား၊ ဘဲသားနှင့် ကြက်ဥများကို ပြင်ပပေါက်ဈေးထက်သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးနေမှုအပေါ် “ယခုကဲ့သို့စားသောက်ရေးအခက်အခဲဖြစ်ပေါ် နေချိန်တွင် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးသည့်တာဝန်ရှိသူများအား အထူးပင် ကျေးဇူးတင်ရှိပါကြောင်းနှင့် ဆက်လက်၍လည်းလာရောက်ရောင်းချပေးစေလိုပါကြောင်း” ဈေးလာရောက်ဝယ်သူသည့် ပြည်သူတစ်ဦးမှ ပြော ကြားသည်။ ယင်းသို့ ဓညဝတီရေတပ်စခန်းဌာနချုပ်မှ ဝက်သား၊ ကြက်သား၊ ဘဲသား နှင့် ကြက်ဥများကို ရောင်းချပေးလျက်ရှိရာ ဒေသခံပြည်သူများနှင့်ဌာနဆိုင်ရာဝန်ထမ်းမိသားစုများက တစ်ခဲနက်ဝယ်ယူခဲ့ကြ ကြောင်း သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment