MNP ၊ ဩဂုတ် ၂၆
ရခိုင်ပြည်နယ်၊တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့တွင် မြို့သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးကို လူထု လှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၇)နာရီအချိန်တွင် ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊တောင်ကုတ်တပ်နယ်မှ အရာရှိ နှင့် စစ်သည် များ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ စုပေါင်း၍ကုတင်(၁၀၀)ပြည့်ဆေးရုံ၀န်းကျင် သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
ထိုသို့စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ခရိုင် ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊တောင်ကုတ် တပ်နယ်မှအရာရှိနှင့်စစ်သည်များ၊မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ၊ မီးသတ်တပ်ဖွဲ့ဝင်များကကုတင်(၁၀၀)ပြည်သု့ဆေးရုံခြံဝန်းအတွင်းရှိ မြက်နှင့် ခြုံနွယ်များ ခုတ်ထွင် ရှင်းလင်းခြင်း ၊ အမှိုက်ကောက်ခြင်း နှင့်ရေစီးရေလာကောင်းမွန်ရေး တို့အတွက်အမှိုက်များရှင်းလင်းခြင်း များကို စုပေါင်း ဆောင်ရွက် ခဲ့ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင်နှင့် အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုးနှင့် အဖွဲ့ဝင်များက ရောက်ရှိစစ်ဆေးကာ လိုအပ်သည် များကိုဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment