မာန်အောင်မြို့ ဓာတ်တော်စေတီတော်ဝင်း အတွင်း/အပြင်တွင် ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့ ဓာတ်တော်စေတီတော်ဝင်း အတွင်း/အပြင်တွင် ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်









MNP ၊  ဩဂုတ်  ၂၆

ရခိုင်ပြည်နယ် မာန်အောင်မြို့  ရန်အောင်မြင်ရပ်ကွက်ရှိ ဓာတ်တော်စေတီ တော်တွင် ဝင်တွင်းကာလ ဥပုသ်သီတင်းဆောက်တည်သူများ စိတ်ချမ်းမြေ့စွာ ဆောက်တည်နိုင်စေရန် ဓာတ်တော်စေတီတော်ဝင်းအတွင်း/အပြင်အား ယနေ့နံနက်၈နာရီက ဌာနဆိုင်ရာဝန်ထမ်းများက စုပေါင်းသန့် ရှင်းရေးများ ဆောင်ရွက်ခဲ့ကြသည်။


     အဆိုပါ စုပေါင်းသန့်‌ရှင်းရေး ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာနှင့် ဝန်ထမ်းများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ဓာတ်တော်စေတီတော်ဝင်း အတွင်း/အပြင်ရှိ မြက်ပင်များ၊ချုံနွယ် ပိတ်ပေါင်းများကို ခုတ်ထွင်ရှင်းလင်းခြင်း၊အမှိုက်များကောက်ခြင်းစသည့် သန့်ရှင်းရေးများ ဆောင်ရွက်ကြပြီး အမှိုက်များကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်ကားဖြင့်  စနစ်တကျစွန့်ပစ်ခဲ့ကာသန့်ရှင်းရေးများ ပြုလုပ်ခဲ့ကြောင်းသိရသည်။


ဦးသိန်းဖေ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)