မအီမြို့တွင် ဘုရားကျောင်း၊ သာသနိကအဆောက်အအုံများ၌ ဌာနဆိုင်ရာဝန်ထမ်းများမှ သန့်ရှင်းရေးကုသိုလ်တော် စုပေါင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့တွင် ဘုရားကျောင်း၊ သာသနိကအဆောက်အအုံများ၌ ဌာနဆိုင်ရာဝန်ထမ်းများမှ သန့်ရှင်းရေးကုသိုလ်တော် စုပေါင်းဆောင်ရွက်






MNP ၊  ဩဂုတ်  ၂၆

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် ဝါတွင်းကာလ၌ ဘုရားကျောင်း၊ သာသနိကအဆောက်အအုံများနှင့် မိမိတို့ကိုးကွယ်ရာ ဆရာဒကာ ဘုန်းတော်ကြီးကျောင်းများတွင် ဌာနဆိုင်ရာဝန်ထမ်းများက သန့်ရှင်းရေးကုသိုလ်တော် စုပေါင်းဆောင်ရွက်ခြင်းများကို ဩဂုတ်လ(၉)ရက်နေ့မှစတင်၍ စနစ်တကျ အဖွဲ့အစည်းများဖွဲ့စည်း၍ သတ်မှတ်နေရာများ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ထိုသို့ သန့်ရှင်းရေးကုသိုလ်တော် ဆောင်ရွက်ခြင်းကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဝါတွင်းကာလမတိုင်မီနှင့် ဝါတွင်းကာလအတွင်း သက်ဆိုင်ရာဒေသအသီးသီးရှိ ဘုရားကျောင်း၊ သာသနိကအဆောက်အအုံများနှင့် မိမိတို့ကိုးကွယ်ရာ ဆရာဒကာ ဘုန်းတော်ကြီးကျောင်းများတွင် ဌာနဆိုင်ရာများအနေဖြင့် သန့်ရှင်းရေးကုသိုလ် ဆောင်ရွက်ပေးသွားရန်နှင့် အဆိုပါကိစ္စရပ်အား စနစ်တကျဖွဲ့စည်းတာဝန်ပေးအပ် ဆောင်ရွက်သွားရန်နှင့် မှတ်တမ်းဓာတ်ပုံများနှင့် အပတ်စဉ်တင်ပြသွားရန် ညွှန်ကြားထားရှိခြင်းအရ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ သန့်ရှင်းရေးလုပ်ငန်းများကို အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့များတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


ဖော်ပြပါ ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ သန့်ရှင်းရေးကုသိုလ်တော် ဆောင်ရွက်ခြင်းများကို မှတ်တမ်းဓာတ်ပုံများနှင့် မအီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ အပတ်စဉ်တင်ပြသွားရမည်ဖြစ်ပြီး ၎င်းလုပ်ငန်းအား ဝါတွင်းကာလတစ်လျောက်လုံး၌ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


မောင်မောင်ဌေး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)