ရွှေတောင် မြို့နယ်အတွင်းရှိ အထင်ကရနေရာများ နှင့် သမိုင်းဝင်ထင်ရှားတန်ခိုးကြီးဘုရားများတွင် အထူးသန့်ရှင်းရေးလှုပ်ရှားဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင် မြို့နယ်အတွင်းရှိ အထင်ကရနေရာများ နှင့် သမိုင်းဝင်ထင်ရှားတန်ခိုးကြီးဘုရားများတွင် အထူးသန့်ရှင်းရေးလှုပ်ရှားဆောင်ရွက်






MNP ၊  ဩဂုတ်  ၂၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် မြို့အင်္ဂါရပ်နှင့် အညီ သန့်ရှင်းသာယာလှပ‌ေရး အထင်ကရ နေရာများနှင့် သမိုင်းဝင်ထင်ရှားတန်ခိုးကြီးဘုရားများတွင် အပတ်စဉ်စုပေါင်း သန့်ရှင်းရေးကို နွားမယံကျေးရွာအုပ်စု ၊ရန်ကုန်-ပြည်ကားလမ်းရဟန္တာပြည်ကားလမ်းရဟန္တာ (၈၀) ဘုရားဝန်းအတွင်းတွင်ယနေ့နံနက်ပိုင်းကဆောင်ရွက်ခဲ့ကြောင်းသိရသည်။


အဆိုပါ အထူးစု‌ေပါင်း သန့်ရှင်းရေးလှုပ်ရှားဆောင်ရွက်ရာသို့မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဌ ဦးဟံဝင်းအောင်၊မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ ဦးဆောင်၍ နယ်မြေလုံခြုံရေးအဖွဲ့ဝင်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ နွားမယံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးပါအဖွဲ့ဝင်များ စုစုပေါင်းအင်အား (၃၉၅) ဦးပါဝင် အမှိုက်များရှင်းလင်းခြင်းနှင့် ခြုံနွယ်ပိတ်‌ေပါင်းများ ခုတ်ထွင်ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်အမှိုက်သိမ်းယာဥ် ( ၃) စီးဖြင့်စနစ်တကျစွန့်ပစ်ခဲ့ကြကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)