ကုန်စည်စီးဆင်းမှုများ မြန်ဆန်ရေး လမ်းခရီး တစ်လျှောက်မလိုလားအပ်သည့် ငွေကြေးပေးဆောင်ရမှုများ မရှိစေရေးအတွက် တာဝန်ရှိသူများအနေဖြင့် စနစ်တကျ ကြပ်မတ်ဆောင်ရွက်နေရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထပ်မံပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကုန်စည်စီးဆင်းမှုများ မြန်ဆန်ရေး လမ်းခရီး တစ်လျှောက်မလိုလားအပ်သည့် ငွေကြေးပေးဆောင်ရမှုများ မရှိစေရေးအတွက် တာဝန်ရှိသူများအနေဖြင့် စနစ်တကျ ကြပ်မတ်ဆောင်ရွက်နေရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထပ်မံပြောကြား


MNP ၊ သြဂုတ် ၂၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စီးပွားရေးရာကော်မတီအစည်းအဝေးအမှတ်စဉ် (၇/၂၀၂၃)ကို ယမန်နေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စီးပွားရေးရာကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကုန်စည်စီးဆင်းမှုများ မြန်ဆန်ရေး လမ်းခရီး တစ်လျှောက်မလိုလားအပ်သည့် ငွေကြေးပေးဆောင်ရမှုများ မရှိစေရေးအတွက် တာဝန်ရှိသူများအနေဖြင့် စနစ်တကျ ကြပ်မတ်ဆောင်ရွက်နေရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထပ်မံပြောကြား သွားသည်။

နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က "ကုန်စည်စီးဆင်းမှုများ မြန်ဆန်ရေးသည်လည်း အရေးကြီးကြောင်း၊ လမ်းခရီး တစ်လျှောက်မလိုလားအပ်သည့် ငွေကြေးပေးဆောင်ရမှုများ မရှိစေရေးအတွက်လည်း တာဝန်ရှိသူများအနေဖြင့် စနစ်တကျ ကြပ်မတ်ဆောင်ရွက်နေရန်လိုကြောင်း၊ နယ်စပ်ဒေသကုန်သွယ်မှုများ ဆောင်ရွက်ရာတွင်လည်း လမ်းကြောင်းတစ်ခုတည်းကို အဓိကထားအသုံးပြုခြင်းထက် အခြားလမ်းကြောင်းများကိုလည်း စဉ်းစားဆောင်ရွက်ထားရန်လိုကြောင်း၊ ကန်ပိုက်တီး၊ မူဆယ်၊ ချင်းရွှေဟော်၊ တာချီလိတ်၊ မြဝတီ နယ်စပ်ကုန်ကုန်သွယ်မှုစခန်းများကို အဆင့်မြှင့်တင်သွားရန်လိုကြောင်း၊ နယ်စပ်ကုန်သွယ်မှုဆောင်ရွက်ရာတွင် ကုန်ပစ္စည်းများ မြန်မြန်ဆန်ဆန်တင်ပို့နိုင်ရေး မိမိတို့ပို့ဆောင်မည့် ပစ္စည်းများကို မိမိတို့နိုင်ငံအတွင်း၌ ကြိုတင်စစ်ဆေးဆောင်ရွက်နိုင်ရန်လိုကြောင်း၊ အလားတူ နယ်စပ်ဒေသကုန်သွယ်ရေးအတွက် ကားလမ်းကို အသုံးပြုလျက်ရှိသကဲ့သို့ မီးရထားလမ်းများ ဖောက်လုပ်နိုင်ရေးအတွက်လည်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ မူဆယ်-မန္တလေး ရထားလမ်းဖောက်လုပ်ရန် သုံးသပ်ဆောင်ရွက်နေပြီး ချင်းရွှေဟော်-လားရှိုး ရထားလမ်းလည်း ဖောက်လုပ်သင့်ကြောင်း၊  ကျောက်ဖြူရေနက်ဆိပ်ကမ်းမှ မန္တလေးသို့ မီးရထားလမ်းဖောက်လုပ်ရေးလုပ်ငန်းကိုလည်း အကောင်အထည်ဖော်နိုင်ရေးဆောင်ရွက်လျက်ရှိပြီး ဖောက်လုပ်ပြီးစီးပါက ကုန်စည်စီးဆင်းမှုများ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊  အိန္ဒိယ၊ မြန်မာ၊ ထိုင်း ၃ နိုင်ငံဆက်သွယ်မှုကို အထောက်အကူပြုသည့်တမူးလမ်း ပြန်လည်ဆောင်ရွက်နိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း" ထည့်သွင်း ပြောကြားသွားခဲ့ခြင်းဖြစ်သည်။

ကုန်ပစ္စည်းများ ပြည်ပသို့တင်ပို့ရာတွင် ပြည်တွင်းစားသုံးမှုကို မထိခိုက်စေရန်လိုကြောင်း၊ စာရင်းဇယားများ မှန်ကန်မှုရှိရန်လိုကြောင်း၊ စပါးစိုက်ပျိုးသည့် လယ်မြေဧက ၁၃ သန်းကျော်တွင် သီးထပ်များ စိုက်ပျိုးနိုင်ရန် Incentive ပေး၍ ဆောင်ရွက်ရန်လိုကြောင်း၊ စပါးအပါအဝင် အခြားသီးနှံများအားလုံး ပန်းတိုင်အထွက်နှုန်းအတိုင်း ရရှိအောင်စိုက်ပျိုးနိုင်ရန်လိုကြောင်း၊ စိုက်ပျိုးရေးအတွက်လိုအပ်သည့် သွင်းအားစုများ စနစ်တကျထည့်သွင်းနိုင်ရန်အတွက် အလေးထားဆောင်ရွက်ကြရန်လိုကြောင်း၊ သီးနှံများအထွက်နှုန်းကောင်းမွန်လာပါက ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်မည်ဖြစ်ပြီး ပြည်ပသို့တင်ပို့နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံမှထွက်ရှိသည့် ကော်ဖီနှင့်ပြောင်းသီးနှံများသည် ပြည်ပဈေးကွက်ရှိပြီးဖြစ်ကြောင်း၊ ထို့ကြောင့်အလေးထား ဆောင်ရွက်ပေးရန်လိုကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ထည့်သွင်းပြောကြားသွားခြင်း ဖြစ်သည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)