ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်




MNP ၊  ဩဂုတ်  ၁၂

ရခိုင်ပြည်နယ်၊ မောင်တောခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး ခရိုင်အဆင့်ဌာနဆိုင်ရာ တာ၀န်ရှိသူများနှင့်အတူ  ယမန်နေ့က ဘူးသီးတောင်မြို့ ဒေသဖွံဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။


ရှေးဦးစွာ ဘူးသီးတောင်မြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့နှင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြှင့်မားရေးကြီးကြပ်မှု ကော်မတီဝင်များ၏ လုပ်ငန်းညှိနှိုင်းအဝေးကို ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနေဦးက တက်ရောက်အမှာစကားပြောကြားရာတွင် ဌာနဆိုင်ရာတာ၀န်ရှိသူများအနေဖြင့် မိမိတို့၏ ဌာနလုပ်ငန်းတာ၀န်များနှင့် ညွန်ကြားချက် များအား အလေးထားဆောင်ရွက်စေလိုကြောင်း၊ သဘာ၀‌ဘေးအန္တရာယ်ဆိုင်ရာကိစ္စရပ်များ‌ ဆောင်ရွက်ရာတွင် ကဏ္ဍအလိုက်လုပ်ငန်းတာ၀န်များအား စနစ်တကျအကောင်အထည်ဖော်‌ ဆောင်ရွက်စေရေး၊  သဘာ၀ဘေးကျရောက်ခဲ့သော ကျေးရွာများတွင် နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်ထားသော ပစ္စည်းများအား ပြည်သူများ၏ လက်၀ယ်အရောက် စနစ်တကျ ထောက်ပံ့ပေးစေလိုကြောင်း၊ ထောက်ပံ့ပေးအပ်ရာတွင်လည်း စာရင်းဇယားများအား မှတ်တမ်းထားရှိစေလိုကြောင်း၊ တောင်သူများအား နိုင်ငံတော်မှ မိုးစပါးများ ထောက်ပံ့ပေးအပ်ရာတွင်လည်း စိုက်ပျိုးသည့် မိုးစပါးများကို စနစ်တကျ စိုက်ပျိူးပြီး အထွက်တိုးအောင် တာ၀န်ရှိသူများက အနီးကြပ်ဆောင်ရွက်သွားကြရန်နှင့် စီမံကိန်းလုပ်ငန်းများအား  သတ်မှတ်အရည်အ‌သွေးများနှင့် ပြည့်မှီအောင် ဆောင်ရွက်ကြစေလိုကြောင်း စသည့်တို့ကို ပြောကြားခဲ့သည်။


ထို့နောက် ဘူးသီးတောင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌ဇော်၀င်းက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ကော်မတီများဖွဲ့စည်း ဆောင်ရွက်ထားရှိကာ သက်ဆိုင်ရာကော်မတီများအလိုက် လုပ်ငန်းတာဝန်များကိုလည်း ကြိုတင်စီစဉ် ဆောင်ရွက်ထားရှိမှု၊  သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာဌာန ကော်မတီဝင်များအလိုက် လုပ်ငန်းတာဝန်များအား စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက် ထားရှိသည့် အခြေအနေများ၊ မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးအတွက် ကဏ္ဍများအလိုက် ဆောင်ရွက်‌နေမှုများနှင့် ဘေးအန္တရာယ်ကျရောက်သော ကျေးရွာများတွင် ပြန်လည်ထူထောင်ရေး ဆောင်ရွက်နေမှုများ၊  မိုးစပါးများစိုက်ပျိုးထားရှိမှုနှင့် စိုက်ပျိုးပြီးစီးမှု အခြေအနေများ စသည့်တို့ကို ဆွေးနွေးတင်ပြခဲ့ပြီး သက်ဆိုင်ရာကော်မတီများနှင့် ဌာနများအလိုက်  တာဝန်ရှိသူများက လုပ်ငန်းများ လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် ဆက်လက်ဆောက်ရွက်မည့် အစီအစဉ်များအားတင်ပြခဲ့ကြရာ  လိုအပ်သည်များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး၊ ခရိုင်/မြို့နယ် အဆင့်  ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဘူးသီးတောင်မြို့နယ် ပန်းခင်းပန်းခြံဆောင်ရွက်မည့် နေရာနှင့် နာရီစင်ပြင်ဆင်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်တာ၀န်ရှိသူများက ပြုပြင်ဆောင်ရွက်မည့် အခြေအနေများနှင့်ပတ်သတ်၍ လိုက်လံရှင်းလင်းပြသခဲ့ကြရာ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနေဦးသည် ခရိုင်/မြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီ၀င်များနှင့်အတူ ကွန်တိုင်၊ ဒပြုချောင်း၊ နန်းရာကုန်း ကျေးရွာများရှိ မိုးစပါး ပျိုးထောင်ထားရှိမှုနှင့်  စိုက်ပျိုးနေမှုများအားသွားရောက် ကြည့်ရှုအားပေးပြီး ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက  မိုးစပါးများ ပျိုးထောင်ထားရှိမှု အခြေအနေများကို လိုက်လံရှင်းလင်းပြသခဲ့ကြကာ တောင်သူများအနေဖြင့် စိုက်ပျိုးသည့် မိုးစပါးများအား အောင်မြင်ဖြစ်ထွန်းပြီး အထွက်တိုးအောင် ဆောင်ရွက်ကြစေရန်လိုကြောင်း လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး၊  ခရိုင်တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ရေးကော်မတီဝင်များနှင့်အတူ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲ ရုံးအဆောက်အဦအသစ် တည်ဆောက် ပြီးစီးမှု အခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်၊ စံညွန်းအရည်အသွေးများဖြင့် ကိုက်ညီမှု ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။


ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးသည် ခရိုင်/မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီ၀င်များနှင့်အတူ ကွန်တိုင်ကျေးရွာရှိ ကြက်အသားတိုး မွေးမြူ‌ရေးခြံအားသွားရောက် ကြည့်ရှုအားပေးပြီး  ခြံပိုင်ရှင်များနှင့် တာဝန်ရှိသူများက မွေးမြူထားရှိမှု အခြေအနေများနှင့် ပတ်သတ်၍ လိုက်လံရှင်းလင်းပြသခဲ့ကာ လိုအပ်သည်များအား ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဘူးသီးတောင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ  တစ်ပိုင်တစ်နိုင် ရေချိုငါးသား ဖောက်စခန်းသွားရောက် ကြည့်ရှုအားပေးပြီး ရေချိုငါးသားဖောက်စခန်းအတွင်းရှိ ငါးသားပေါက်များ မွေးမြူထားရှိမှုနှင့် မွေးမြူထားရှိပုံအဆင့်ဆင့်အား တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့ကြကာ လိုအပ်သည်များအား ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သက်လွင်စိုး၊ အောင်ကျော်စိန် 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)