နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအပေါ် ပြည်နယ်အဆင့်ဌာနဆိုင်ရာများအား ရှမ်းပြည်နယ်ဝန်ကြီးချုပ်က ထပ်ဆင့်ရှင်းလင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအပေါ် ပြည်နယ်အဆင့်ဌာနဆိုင်ရာများအား ရှမ်းပြည်နယ်ဝန်ကြီးချုပ်က ထပ်ဆင့်ရှင်းလင်း





MNP ၊  ဩဂုတ်  ၁၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအပေါ် ပြည်နယ်အဆင့် ဌာနဆိုင်ရာများအား ထပ်ဆင့်ရှင်းလင်းခြင်းကို သြဂုတ်(၁၁) နံနက်(၈)နာရီခွဲက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအပေါ် ရှင်းလင်းရာ ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန်မှာ အစိုးရ၏ တာဝန်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ တာဝန်ကို ထမ်းဆောင်သည့် မည်သည့်အစိုးရမဆို နိုင်ငံကောင်းအောင် ဆောင်ရွက်ရမည့် တာဝန်ရှိကြောင်း၊ မိမိတို့ အစိုးရ၏ နိုင်ငံရေးရည်မှန်းချက်နှစ်ရပ်မှာ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံ ဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးနှင့် အမျိုးသားရေး ရည်မှန်းချက်နှစ်ရပ်မှာ တိုင်းပြည်သာယာဝပြောရေး စားရေရိက္ခာဖူလုံရေးတို့ပင်ဖြစ်ပြီး တိုင်းပြည်သာယာဝပြောရေး၌ ပြည်သူပြည်သားများ အားလုံး အေးအေးချမ်းချမ်းဖြင့် နေထိုင်လုပ်ကိုင် စားသောက်နိုင်မည်၊ ပညာသင်ကြားနိုင်မည်ဖြစ်ကြောင်း၊ စားရေရိက္ခာသည် လူတိုင်းအတွက် လိုအပ်ပြီး လက်ရှိကမ္ဘာပေါ်တွင်လည်း စားနပ်ရိက္ခာလုံခြုံရေး (Food Security)မှာ အကြီးမားဆုံး စိန်ခေါ်မှုဖြစ်နေကြောင်း၊ နိုင်ငံတစ်ခုတွင် လျှပ်စစ်ဓာတ်အားများ လုံလောက်စွာ ရရှိရန်လိုအပ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက်များ ရှိသေးပါကြောင်း၊ လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိမှသာ ပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ တိုင်းပြည်သာယာဝပြော ရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကို ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေးဟူ၍ ချမှတ်ထားပါကြောင်း၊ စီးပွားရေးဦးတည်ချက် တိုးတက်ကောင်းမွန် လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြင့်တင်ရေးဟူ၍ ချမှတ်ထားပါကြောင်း၊ ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက်ဆီထွက်သီးနှံစိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက် အတိုင်း ထွက်ရှိအောင်ဆောင်ရွက်၍ နိုင်ငံအတွင်းဖူလုံမှုရှိမှ ပြည်ပသို့တင်ပို့နိုင်သည်အထိ ကြိုးပမ်း ဆောင်ရွက်ရန် ချမှတ်ထားပါကြောင်း၊ လူမှုရေးဦးတည်ချက်တွင် တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှုအထောက်အကူပြု ပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ရေး ချမှတ်ထားပါကြောင်း၊ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေး အတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြင့်တင်ဆောင်ရွက်ရေး၊ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိက စွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရန် ဟူ၍ချမှတ်ထားပါကြောင်း၊ ထပ်ဆင့်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများသည် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်း (အောင်ပန်း) EFI သင်တန်း၊ PLC သင်တန်းနှင့် Phone Advance သင်တန်း၊ သင်တန်းအမှတ်စဉ်(၁) သင်တန်းဆင်းပွဲတက်ရောက်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုသင်တန်းကျောင်း(အောင်ပန်း)သည် ယခင်စက်မှုလက်မှု ဘာသာရပ် ဆိုင်ရာ(၅)မျိုးကို သင်ကြားပို့ချပေးလျက်ရှိရာ ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပုံမှန်သင်တန်း(၅)မျိုး အနက် မော်တော်ယာဉ်စက်ပြင်သင်တန်းမှ ထူးချွန်သူများကို EFI(Electronic Fuel Injection) သင်တန်းသို့ လည်းကောင်း၊ လျှပ်စစ်သင်တန်းမှ ထူးချွန်သူများကို PLC(Programable Logic Controller) သင်တန်းသို့ လည်းကောင်း၊ လက်ကိုင်ဖုန်းပြင်သင်တန်းမှ ထူးချွန်သူများကို Phone Advance သင်တန်းသို့လည်းကောင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိအောင် ယခုကဲ့သို့ အဆင့်မြင့် သင်တန်းများ ဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်း ၊ EFI သင်တန်းတွင် သင်တန်းသား(၁၅)ဦး၊ PLC သင်တန်းမှ သင်တန်းသား(၁၂)ဦးနှင့် Phone Advance သင်တန်းတွင် သင်တန်းသား(၈)ဦး၊ စုစုပေါင်း သင်တန်းသား(၃၅)ဦးဖြင့် သင်တန်းကာလ(၃)လကြာ သင်ကြားပေးခဲ့ပါကြောင်း၊ သင်တန်းဆင်းမည့် သင်တန်းသားများအနေဖြင့် သင်တန်းကျောင်းမှ သင်ကြားပေး လိုက်သည့် ပညာရပ်များကို အကျိုးရှိရှိ အသုံးချကြရန် ပြောကြားသည်။


ထို့နောက် ထူးချွန်သင်တန်းသားများအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း၊ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ်တင်ကိုကိုတို့က ချီးမြှင့်ပေး၍လည်းကောင်း၊ သင်တန်းဆင်း လက်မှတ်များကို ပြည်နယ်ဥပဒေချုပ်တို့က ချီးမြှင့်ပေးကြကြောင်း သိရှိရသည်။


မောင်မောင်သန်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)