အမ်းမြို့နယ်၌ ပုဂ္ဂလိကဆေးခန်းလိုင်စင်လျှောက်ထားမှုနှင့် တရားမဝင်ဆေးဝါးများစျေးကွက်အတွင်း ဝင်ရောက်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်၌ ပုဂ္ဂလိကဆေးခန်းလိုင်စင်လျှောက်ထားမှုနှင့် တရားမဝင်ဆေးဝါးများစျေးကွက်အတွင်း ဝင်ရောက်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

 



MNP ၊  ဩဂုတ်  ၂၆

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ ပုဂ္ဂလိကဆေးခန်းဖွင့်လှစ်နိုင်ရေး လိုင်စင်လျှောက်ထားမှုနှင့် တရားမဝင်ဆေးဝါးများ စျေးကွက်အတွင်း ဝင်ရောက်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီက အောက်ရွာကျေးရွာအုပ်စုတွင် ပြုလုပ်ခဲ့သည်။


အဆိုပါ ပုဂ္ဂလိကဆေးခန်းဖွင့်လှစ်နိုင်ရေးလိုင်စင် ရှိ/မရှိနှင့် တရားမဝင်ဆေးဝါးများ စျေးကွက်အတွင်းရောက်ရှိမှု မရှိစေရေးကွင်းဆင်းစစ်ဆေးခြင်းကို တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့ဥက္ကဋ္ဌ ကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးရွှေအေး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်ကျော်မိုး၊ မြို့နယ်ရဲတပ်ဖွဲမှူး ရဲမှူးမင်းဦးနှင့် ပူးပေါင်းအဖွဲ့တို့က အောက်ရွာကျေးရွာအုပ်စု ဦးထွန်းသိန်း၏ ပုဂ္ဂလိကဆေးခန်း ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်ထားမှုအခြေအနေများ၊ ကျေးရွာအတွင်းရှိ ဆေးဆိုင်များတွင် တရားမဝင်ဆေးဝါးများနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုမရှိစေရေးတို့ကို စစ်ဆေးခဲ့ကြသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)