မအီမြို့ပေါ် အခြေခံပညာကျောင်းများနှင့် မူကြိုကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ခြင်နိုင်ဆေးမှုတ်ပေးခြင်းများ ပူးပေါင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့ပေါ် အခြေခံပညာကျောင်းများနှင့် မူကြိုကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ခြင်နိုင်ဆေးမှုတ်ပေးခြင်းများ ပူးပေါင်းဆောင်ရွက်





MNP ၊  ဩဂုတ်  ၂၆

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု မရှိစေရေးအတွက် တောင်ကုတ်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် မအီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်ငှက်ဖျားရောဂါတိုက်ဖျက်ရေးအဖွဲ့နှင့် မအီမြို့၊ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊  လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ မအီမြို့ပေါ် အခြေခံပညာကျောင်းများနှင့် မူကြိုကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ဦးစားပေးအစီအစဉ်များအလိုက် ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ထိုသို့ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် မအီမြို့ပေါ် အမှတ်(၁)ရပ်ကွက်ရှိ မူလတန်းကျောင်း၊ အမှတ်(၂)ရပ်ကွက်ရှိ အထက်တန်းကျောင်းနှင့် မူကြိုကျောင်း၊ အမှတ်(၄)ရပ်ကွက်ရှိ အလယ်တန်းကျောင်းနှင့် မူကြိုကျောင်း စသည်တို့၌ ခြင်များခိုအောင်းနိုင်ခြင်းမရှိစေရေးအတွက် ချုံနွယ်ပိတ်ပေါင်းများနှင့် ကျောင်းတွင်းကျောင်းပြင် အမှိုက်သရိုက်များ ရှင်းလင်းခြင်းနှင့် ခြင်ဆေးများမှုတ်ပေးခြင်း၊ ခြင်များပေါက်ဖွားနိုင်သည့် ရေတင်ကျန်နိုင်သောနေရာများနှင့် စွန့်ပစ်ပစ္စည်းများအား ဖယ်ရှားရှင်းလင်းခြင်း၊ ရေစည်၊ ရေအိုးများနှင့် ရေသိုလှောင်ကန်များအတွင်း ခြင်များပေါက်ပွားမှု မရှိစေရေးအတွက် အဘိတ်ဆေးများ ခတ်ပေးခြင်း စသည်ဖြင့် သွေးလွန်တုပ်ကွေးရောဂါ အပါအဝင် ခြင်မှတစ်ဆင့် ကူးစက်ရောဂါများ ဖြစ်ပွားခြင်းမှ ကင်းဝေးစေရေးတို့အတွက် အလေးထား ဆောင်ရွက်ပေးခဲ့သည်။


အဆိုပါ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေး ဖုံး သွန် လဲ စစ် လုပ်ငန်းများနှင့် အဘိတ်ဆေး ခတ်ပေးခြင်းများကို အပတ်စဉ် တနင်္လာ၊ သောကြာ၊ စနေနေ့များတွင် မအီမြို့ပေါ်ရပ်ကွက်များ၌ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။


မောင်မောင်ဌေး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)