MNP ၊ ဩဂုတ် ၂၄
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်ရုံးအနေဖြင့် လူငယ်များ အသိပညာဗဟု သုတပြည့်စုံပြီး ဗလငါးတန်ဖွံ့ဖြိုးစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို သြဂုတ်လ ၂၂ ရက်နေ့၊ နံနက် (၁၀)နာရီက အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ကင်ဆားရာ၌ ကွင်းဆင်းဆောင်ရွက်သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝါဦးက လူငယ်နှင့်ရည်မှန်းချက်၊ လူငယ်နှင့်စာရိတ္တ ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောပြီး မြို့နယ်အားကစားနှင့်ကာယဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ယုယုလှိုင်က အားကစားနှင့် ပတ်သက်သည့် သိသင့်သိထိုက်သည်များအား အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ/ရသ စာအုပ်စာစောင်များကို ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်းသိရသည်။
ပန်းအိ
https://t.me/MyanmarNationalPost
No comments:
Post a Comment