MNP ၊ ဩဂုတ် ၂၄
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ ရှင်ဗွေယန်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဩဂုတ်လ ၂၂ ရက်နေ့၊ နံနက် ၁၁ နာရီတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် ကျေးလက်ကျန်းမာရေးဌာနမှ ဆရာမဒေါ်သီတာနှင့် ကျန်းမာရေးဝန်ထမ်းများက KG မှ G-11 ထိ ထိုးနှံသူ ကျား- (၄၃) ဦး၊ မ- (၇၀) ဦး၊ စုစုပေါင်းကျောင်းသား/သူ (၁၁၄)ဦးတို့ကို သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment