ပုသိမ်မြို့တွင် တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုရက်သတ္တပတ်အဖြစ် အသိပညာပေး လုပ်ငန်းများနှင့် ကာကွယ်ဆေးထိုးနှံခြင်းများဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုသိမ်မြို့တွင် တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုရက်သတ္တပတ်အဖြစ် အသိပညာပေး လုပ်ငန်းများနှင့် ကာကွယ်ဆေးထိုးနှံခြင်းများဆောင်ရွက်လျက်ရှိ


MNP ၊  ဩဂုတ်  ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုရက်သတ္တပတ်အဖြစ် တိရစ္ဆာန်များတွင် ရောဂါဖြစ်ပွားကျရောက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများနှင့် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများအား ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ပုသိမ်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ချစ်တီးကုန်းနှင့် မငြိမ်းလှကုန်းတို့တွင် ကျွဲ၊ နွား (၅၂)ကောင်အား လည်ချောင်းကွဲကာကွယ်ဆေးထိုးနှံခြင်း၊ ပညာပေးဟောပြောခြင်း၊ ပညာပေးလက်ကမ်း စာစောင်ဖြန့်ဝေခြင်း၊ ခြံဖြန်းပိုးသတ်ဆေးဖြန်းခြင်းများ ဆောင်ရွက်ခဲ့ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် (၁၅.၈.၂၀၂၃) ရက်နေ့မှ (၃၀.၈.၂၀၂၃) ရက်နေ့အထိ တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုရက်သတ္တပတ်အဖြစ် သတ်မှတ်၍ ခွာနာလျှာနာရောဂါ၊ အရေပြားအကျိတ်နာနှင့် အာဖရိကဝက်အပြင်းဖျားရောဂါ ကာကွယ်ထိန်းချူပ်ရေးလုပ်ငန်းများအား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)