ရွှေတောင်မြို့နယ်တွင် ၂၀၂၃ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံဖြိုးရေးရက်သတ္တပတ်များ အထိမ်းအမှတ် အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် ၂၀၂၃ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံဖြိုးရေးရက်သတ္တပတ်များ အထိမ်းအမှတ် အခမ်းအနားကျင်းပ





MNP ၊  ဩဂုတ်  ၂၁

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် မြို့နယ်ပြည်သူ့ကျန်းမားရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ၂၀၂၃-ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ အထိမ်းအမှတ် အခမ်းအနားကျင်းပခဲ့ကြောင်းသိရသည်။


အခမ်းအနားတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အောင်မျိုးသန့်က အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များအကြောင်း ရှင်းလင်း ပြောကြားပြီး မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ဒေါ်နန်းမြအေးက မိခင်နို့စနစ်တကျတိုက်ကျွေးရန် အသိပညာပေး ဟောပြောခဲ့သည်။


ဆက်လက်၍ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ကေသီက မိခင်နို့စနစ်တကျတိုက်ကျွေးရေးနှင့်ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေးခြင်းနှင့်မိခင်နို့စနစ်တကျတိုက်ကျွေးပုံအားလက်တွေ့သရုပ်ပြသခဲ့သည်။


ထို့နောက် တက်ရောက်လာသည့် ကိုယ်ဝန်ဆောင်မိခင်များနှင့်နို့တိုက်မိခင်များအား ကျန်းမာရေး အသိပညာ ဥာဏ်စမ်းအမေးအဖြေများပြုလုပ်၍ စံပြမိခင်ရွေးချယ်ပြီး ဆုချီးမြှင့်ပေးခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင်များနှင့်နို့တိုက်မိခင်များအား 

အာဟာရ ပစ္စည်းနှင့် ဆေးဝါးများ ထောက်ပံပေးအပ်ခဲ့ကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)