ရွှေတောင်မြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများအားပင်စင်လစာငွေထုတ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများအားပင်စင်လစာငွေထုတ်ပေး



MNP ၊  ဩဂုတ်  ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် ၉နာရီကစတင်ထုတ်ပေးလျက်ရှိကြောင်းသိရသည်။


ရွှေတောင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို နိုင်ငံတော်အစိုးရက သက်မှတ်ထားသောရုံးပိတ်ရက်များမှအပ ရုံးဖွင့်ရက်များတွင်ထုတ်ပေးလျက်ရှိရာ နံနက်(၉)နာရီမှမွန်းလွဲ( ၂ )နာရီထိ ထုတ်ပေးသွားမည်ဖြစ်ပြီးအငြိမ်းစားဝန်ထမ်းပင်စင်လစာထုတ်ယူမည့်သူ မြို့ပြပင်စင် ( ၇၉၅) ဦး၊ကာကွယ်ရေးပင်စင် ( ၁၀၅၃) ဦး၊ နိုင်ငံရေးပင်စင်( ၁၁၂) ဦး၊ ဘဏ်ပင်စင် ( ၁၇) ဦး စုစုပေါင်း (၂၃၇၇) ဦးရှိကြောင်းသိရသည်။


အဆိုပါ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများထုတ်ပေးခြင်းကို ကိုဗစ် - ၁၉ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီသက်တောင့်သက်သာစိတ်အေးချမ်းစွာဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။ 


ကိုကိုမင်း 

https://t.me/MyanmarNationalPost









No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)