MNP ၊ ဩဂုတ် ၁၆
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် ၂၀၂၃-၂၀၂၄ ခုနှစ် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ လက်ဝှေ့လူရွေးချယ်ပြိုင်ပွဲကို ဗထူးမိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြို့နယ်ပေါင်းစုံ လက်ဝှေ့လူရွေးချယ်ပြိုင်ပွဲကို မန္တလေးတိုင်းဒေသကြီးတွင်း မြို့နယ်များရှိ အသက်(၂၅)နှစ်အောက် လက်ဝှေ့ဝါသနာရှင်များ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး အားကစားနှင့် ကာယပညာဦးစီးဌာမှ ကြီးကြပ်၍ နိုင်ငံ့အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ်ပေးကြောင်း၊ မန္တလေးတိုင်းဒေသကြီးတွင်းရှိ အသက်(၂၅)အောက် မြို့နယ်ပေါင်းစုံ လက်ဝှေ့လူရွေးချယ်ပြိုင်ပွဲကို ပွဲစဉ်ဇယားများသတ်မှတ်၍ ၁၂.၈.၂၀၂၃ ရက်နေ့မှ ၁၄.၈.၂၀၂၃ ရက်နေ့အထိ ပြုလုပ်ခဲ့သည်။ ၁၄.၈.၂၀၂၃ ရက်နေ့တွင် ဗိုလ်လုပွဲကျင်းပခဲ့ပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသူများအား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်တာဝန်ရှိသူများမှ ငွေသားများအသီးသီး ချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။
ရွှေတိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment