မိုင်းကိုင်မြို့နယ်၌ လူငယ်များအတွက် လူထုရှေ့စကားပြောနည်းနှင့် အခမ်းအနားမှူးဆောင်ရွက်ပုံသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းကိုင်မြို့နယ်၌ လူငယ်များအတွက် လူထုရှေ့စကားပြောနည်းနှင့် အခမ်းအနားမှူးဆောင်ရွက်ပုံသင်တန်းဖွင့်လှစ်






MNP ၊  ဩဂုတ်  ၁၇

လူငယ်များ စကားပြောစွမ်းရည်မြှင့်မားတိုးတက်လာစေရန်၊ အောင်မြင်သော အခမ်းအနားမှူးကောင်း များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍  ယမန်နေ့မနက်ပိုင်းက  မိုင်းကိုင်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက် ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် လူထုရှေ့စကားပြောနည်းနှင့် အခမ်းအနားမှူး ဆောင်ရွက်ပုံ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဌ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦးက သင်တန်းဖွင့်အမှာစကား တက်ရောက်ပြောကြားခဲ့သည်။ 


သင်တန်းတွင်  လူငယ်များအတွက်  လူထုရှေ့စကားပြောနည်း ၊ ပြည်ထောင်စုဝါစဉ်(အင်္ဂါစဉ်)များ၊ အခမ်းအနားမှူးကောင်းတစ်ယောက် ဆောင်ရွက်ပုံ၊ဆောင်ရန်၊ရှောင်ရန်များနှင့် ပတ်သက်၍ သင်တန်းနည်း ပြများဖြစ်သည့်  နယ်မြေခံတပ်မှ ဗိုလ်ကြီးအောင်ဆန်းလင်း၊ မြို့နယ်ဥပဒေအရာရှိ  ဦးငြိမ်းချမ်းထက်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဦးစီးအရာရှိ  ဒေါ်နန်းလှိုင်လှိုင်ဦး တို့က  သင်ခန်းစာများကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးကာ သင်တန်းဆန်းစစ်မှုများဆောင်ရွက်ခဲ့သည်။


အဆိုပါသင်တန်းသို့  မိုင်းကိုင်မြို့နယ်အတွင်းရှိ  စိတ်ပါဝင်စားသူ လူငယ်လူရွယ်များ ၊ ဌာနဆိုင်ရာဝန် ထမ်းများနှင့် ကျောင်းသားကျောင်းသူများ  စုစုပေါင်း  ၂၅ ဦး တက်ရောက်ခဲ့ပြီး  သင်တန်းဆင်းပွဲအခမ်းအနား တွင်  တာဝန်ရှိသူများက သင်တန်းထူးချွန်ဆုငွေများနှင့်  အာဟာရအစားအစာများ ချီးမြှင့်ပေးအပ်ခဲ့ကြ ကြောင်းသိရသည်။


ချော

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)