သရက်ချောင်းမြို့နယ်၌ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သရက်ချောင်းမြို့နယ်၌ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ





MNP ၊  ဩဂုတ်   ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင်အဂတိလိုက်စားမှု မဖြစ်ပေါ်စေရေးရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်စီစဥ်ဆောင်ရွက်မှုဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲက သရက်ချောင်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။


အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အဖွဲ့ခေါင်းဆောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးက အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး လုပ်ငန်းစဉ်(၃)ရပ်ကို ရှင်းလင်းခြင်း၊ အဂတိတရား (၄)ပါး  ရှောင်ရှားခြင်း၊ အဂတိလိုက်စားမှု၏အဓိပ္ပာယ်ကို အဖွင့်အမှာစကားတွင် ရှင်းလင်းပြောကြားသည်။


ထို့နောက် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးရေးအဖွဲ့၊ အဖွဲ့ဝင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းအောင်ကျော်က အဂတိလိုက်စားမှုမဖြစ်ပေါ်လာစေရေးအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပါကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခြင်းနှင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ အဖွဲ့ဝင် မြို့နယ်ဥဒေအရာရှိ ဦးထင်အောင်က အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပါပြဋ္ဌာန်းချက်များနှင့်ပြစ်မှု၊ ပြစ်ဒဏ်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။


ဆက်လက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်ဇင်က နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်နည်းဥပဒေပါ ဝန်ထမ်းဆိုင်ရာကျင့်ဝတ်များနှင့် ဝန်ထမ်းများ လိုက်နာဆောင်ရွက်ရမည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး တက်ရောက်သည့်လာကြသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်စာရေးများက သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။


အဆိုပါဆွေးနွေးပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ တက်ရောက်ခဲ့ကြောင်း သိရသည်။


နန်းခလိုက်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)