ကာလိမြို့တွင် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်စကားဝိုင်းကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကာလိမြို့တွင် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်စကားဝိုင်းကျင်းပ


MNP ၊  ဩဂုတ်  ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ကာလိမြို့၌ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ဩဂုတ်လ ၁၅ ရက်နေ့ နံနက်(၉)နာရီအချိန်က အခြေခံပညာအလယ်တန်း(ခွဲ)ကျောင်း လွိုင်ဖာ၌ ကျင်းပခဲ့ကြောင်းသိရသည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ထင်ထင်ကျော်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အသိပညာဗဟုသုတများရရှိစေရန်၊ စကားပြောစွမ်းရည်ကျွမ်းကျင်လာစေရန်၊ လူငယ်အချင်းချင်း ရင်းနှီးမှုရရှိပြီး ပူးပေါင်းဆောင်ရွက် တက်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ အသိပညာ ဗဟုသုတများကို ပြန်လည် မျှဝေပေးတတ်စေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးသည့် လူငယ်၊ လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းများ ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။


ဆက်လက်၍ လူငယ်စကားဝိုင်းအား ကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ထင်ထင်ကျော်က ဆောင်ရွက်ခဲ့ပြီး Grade-8 မှ မမြယွန်းဗိုလ် က လူငယ်နှင့်ရည်မှန်းချက်ခေါင်းစဉ်ဖြင့်လည်ကောင်း၊ Grade-8 မှ မောင်စိုင်းဆိုင်ဟန်က လူငယ်နှင့် ကိုယ်ကျင့်တရား ခေါင်းစဉ်ဖြင့်လည်ကောင်း၊ Grade-6 မှ မနန်းဝီးဆိုင်က လူငယ်နှင့်မူးယစ်ဆေး ခေါင်းစဉ် ဖြင့်လည်ကောင်း၊ Grade-6 မှ မောင်စိုင်းခမ်းအွန်ဖက လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်ကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက် လာကြသော ကျောင်းသား၊ကျောင်းသူများမှ သိရှိလိုသည့် အကြောင်းအရာ များကို မေးမြန်းဆွေးနွေးခဲ့ရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ဆွေးနွေးသူများက ပြန်လည် ဖြေကြားခဲ့ကြောင်းနှင့် စကားဝိုင်းအပြီးတွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာနှင့် ယာဉ်စည်း ကမ်းလမ်းစည်းကမ်း အန္တရာယ်ဆိုင်ရာ နံရံကပ်စာစောင်များပြသခဲ့ကြောင်း သိရသည်။


ထင်ထင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)