မိုးနဲမြို့နယ် နမ့်ဆလိုင်ချောင်း ဘောင်မြှင့်ခြင်းနှင့် သဲနှုန်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးနဲမြို့နယ် နမ့်ဆလိုင်ချောင်း ဘောင်မြှင့်ခြင်းနှင့် သဲနှုန်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး



MNP ၊  ဩဂုတ်  ၁၈

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ရှမ်းပြည်နယ်(တောင်ပိုင်း) ၊မိုးနဲမြို့နယ်တွင် မိုးရာသီကာလရေကြီးဘောင်ကျော်မှုများ မဖြစ်ပေါ်စေရေးအတွက် နမ့်ဆလိုင်ချောင်း ဘောင်ပြန်လည်ပြုပြင်ခြင်းနှင့် ချောင်းသဲနှုန်းတူးဖော်ခြင်းလုပ်ငန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများအားလုံး ပြီးစီးသွားပြီဖြစ်ကြောင်းသိရသည်။


အဆိုပါလုပ်ငန်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ၄၇ ဒသမ ၇၆ သန်းဖြင့် အလျားပေ ၆၀၀၀ ၊ ထိပ်ဝအကျယ် ၄၅ ပေ ၊ အောက်ခြေအကျယ် ၂၅ ပေ ၊ အနက် ၁၀ ပေကို တင်ဒါအောင် ဓနုမင်းသားကုမ္ပဏီလီမိတက်မှ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းများအချိန်နှင့်တစ်ပြေးညီ ပြီးစီးရေး၊ သတ်မှတ်အရည်အသွေး ပြည့်မီရေးအတွက် လင်း‌ခေးခရိုင် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဦးအေးမင်း၊ မိုးနဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် ဦးစီးမှူး(မြို့ပြ) ဦးသန်းအောင် တို့ကအနီးကပ်ကြီးကြပ်ခဲ့ရာ လုပ်ငန်းများ အားလုံးပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။


အဆိုပါလုပ်ငန်း ပြီးစီးသွားသည့်အတွက် မိုးရာသီကာလ ရေကျော်ခြင်း၊ နှစ်စဥ်ရေကြီးရေလျှံမှု ဖြစ်နိုင်သော  လယ်မြေဧက ၃၀၀ ကျော်ကို ရေကြီးနှစ်မြှုပ်မှုမှ ကာကွယ်ပေးနိုင်ခြင်း စသည့်အကျိုးများကို တောင်သူများ ခံစားရမည်ဖြစ်ကြောင်း တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။


မျိုးညွန့်ရွှေ

https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)