MNP ၊ ဩဂုတ် ၁၈
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမတွင် ယနေ့ ညနေ(၄)နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ဒုတိယဦးစီးမှူး) ဒေါ်ခင်ခင်အေးနှင့် ဝန်ထမ်းများ ၊ (Book Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြသည်။
ရှေးဉီးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခင်ခင်အေးက ဒို့ကျေးရွာဂျာနယ်အတွဲ(၂၀)အမှတ်(၁၃) ၊၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့ ထုတ်ဝေသည့် မောင်မောင်မြင့်သိန်း (စက်မှုတက္ကသိုလ်) ရေးသားသော “ လူငယ်များ သိသင့်သော အပြုအမှုများ” ဆောင်းပါးပါ အကြောင်းအရာများကို ဖတ်ကြားဆွေးနွေးပါသည်။
ဆက်လက်ပြီး ဒုတိယဦးစီးမှူးက “ယနေ့လူငယ် နောင်ဝယ်လူကြီး”ဆိုသော စကားနှင့်အညီ အနာဂတ်တွင် ခေါင်းဆောင်ကောင်းများဖြစ်လာမည့် ကျောင်းသား၊ကျောင်းသူများအနေဖြင့်ကျောင်းဖွင့်ချိန်တွင် ပညာကိုအာရုံစူးစိုက်ပြီး သင်ကြားကြရန်၊ ကွမ်း၊ ဆေးလိပ်၊ အရက်များကို မသောက်သုံးမိကြစေရန်၊ ဆရာ/ဆရာမ များ၏ သွန်သင်ဆုံးမမှုကို လေးစားလိုက်နာကြရန် ၊ အသိပညာ ဗဟုသုတတိုးပွားလာစေရန် အမှားနှင့် အမှန်ကို ဝေဖန်ပိုင်းခြားတတ်စေရန် ပြည်သူ့စာကြည့်တိုက်သို့ သွားရောက်၍ စာပေများကို လေ့လာ ဖတ်ရှုကြရန်နှင့် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည့် အကြောင်းအရာများအား အပြန်အလှန် ဆွေးနွေးမေးမြန်း ခဲ့ကြောင်းသိရသည်။
အောင်တင်ကြည်
https://t.me/MyanmarNationalPost
No comments:
Post a Comment