MNP ၊ ဩဂုတ် ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော မိုးစပါး ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်သည့် တောင်သူများနှင့်မိုးစပါးမျိုးစေ့ထုတ်လုပ်ရန် ဆောင်ရွက်သည့် တောင်သူများအား ဓါတ်မြေဩဇာထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ နံနက် (၈) နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
တောင်သူများအား ဓါတ်မြေဩဇာထောက်ပံ့ပေးအပ်ပွဲတွင် ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးချိုနိုင်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ဦးစီးမှူးဦးစိုင်းတိုးတိုးက လားရှိုးမြို့နယ်အတွင်း မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဓါတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဦးစီးမှူး ဦးချိုနိုင်ထွန်းနှင့်တာဝန်ရှိသူတို့က လားရှိုးမြို့နယ်အတွင်းရှိ တောင်သူများအား ဓါတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ လားရှိုးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းနှင့် ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လားရှိုးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် လားရှိုးမြို့နယ်အတွင်း စိုက်ပျိုးဧက (၂၉၂၅) ဧက ပန်းတိုင်အထွက်တိုးရရှိရေးအတွက် တောင်သူများအား မြေဩဇာ (၁၉၁) အိတ်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment