လားရှိုးမြို့တွင် ပြည်နယ်အဆင့် ကျောင်းကျန်းမာရေးသီတင်းပတ် အထိမ်းအမှတ်အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လားရှိုးမြို့တွင် ပြည်နယ်အဆင့် ကျောင်းကျန်းမာရေးသီတင်းပတ် အထိမ်းအမှတ်အခမ်းအနား ကျင်းပ




MNP ၊  ဩဂုတ်  ၁၆

ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၏ (၂၀၂၃-၂၀၂၄) ပညာသင်နှစ် “ပြည်နယ်အဆင့် ကျောင်းကျန်းမာရေးသီတင်းပတ် အထိမ်းအမှတ်အခမ်းအနား” ကို ဩဂုတ်လ ၁၅ ရက် နံနက် (၉) နာရီအချိန်က လားရှိုးမြို့ ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။


အခမ်းအနားတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်) ဥက္ကဋ္ဌဦးမျိုးကျော်က အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်ပြည့်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဝင်းမော်ဦးက ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏မိန့်ခွန်းကို ဖတ်ကြားသည်။


ယင်းနောက် အခမ်းအနားသို့တက်ရောက်လာကြသူများက ကျောင်းကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှုအထိမ်းအမှတ် Video Clip ပြသမှုနှင့် မှတ်တမ်း ဓါတ်ပုံများကို ကြည့်ရှုအားပေးသည်။


ဆက်လက်၍ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ အ.လ.က(၅) ကျောင်းသို့သွားရောက်ကာ ကျောင်းသား၊ ကျောင်းသူများအား သန်ချဆေးများတိုက်ကျွေး၍ အာဟာရဖြည့်စွက်စာများ ပေးဝေခဲ့ကြကြောင်း သိရသည်။


အဆိုပါ အခမ်းအနားသို့ ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်) ဥက္ကဋ္ဌ ဦးမျိုးကျော်၊ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဝင်းမော်ဦး နှင့်ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌများ၊ တွဲဖက်ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)