MNP ၊ ဩဂုတ် ၁၀
ပဲခူး တိုင်းဒေသကြီ၊း ပြည်ခရိုင် ၊ရွှေတောင်မြို့နယ် ကသစ်တိုင်းကျေးရွာအုပ်စု၊ ကသစ်တိုင်းကျေးရွာအခြေခံပညာမူလတန်းကျောင်းတွင်ယနေ့နံနက်၉ နာရီ က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊စားသုံးသူရေးရာဦးစီးဌာန ၊အားကစား နှင့် ကာယပညာဦးစီးဌာန ၊တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်လဲ့လဲ့ခိုင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ
ဦးစီးအရာရှိဒေါ်ငြိမ်းငြိမ်းသန့်က ကျောင်းသား/ကျောင်းသူများအား စာဖတ်ခြင်း၏အကျိုးကျေးဇူးများ၊ လူကုန်ကူးမှုတားဆီးရေး၊မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေးနှင့်ကလေးအလုပ်သမားပပျောက်ရေးအသိပညာများအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊
ဒုတိယဦးစီးမှူး ဒေါ်ဇင်မာချောစုကြည်က စားသုံးသူနှင့်ပတ်သက်သော ကုန်စည်အမှတ်အသား ( ၈)ချက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ဦးစီးမှူး ဒေါ်ခင်နုနုဖြိုးက အားကစား ပြုလုပ်ခြင်း၏ အကျိုးေကျးဇူးများ ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီးကျောင်းသား၊ကျောင်းသူလေးများကိုကိုယ်လက်လှုပ်ရှားအားကစားလေ့ကျင့်ခန်းများပြုလုပ်ခြင်းနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာန မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နီလာမြင့်က တိုင်းရင်းဆေးဝါး အမျိုးအစားများနှင့်ရောဂါအကြောင်း ဆောင်ရန် ေ ရှာင်ရန် အချက်များကိုပညာပေးဟောပြောခဲ့ကြသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှစာအုပ်စာစောင်များပြသခြင်းကျောင်းသား၊ကျောင်းသူလေးများကိုလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်နံရံကပ်စာစောင်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေးနံရံကပ် စာစောင်၊ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေးနံရံကပ်စာစောင်များအား ပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ကျောင်းသား ၊ကျောင်းသူလေးများကို နွယ်ချိုကဲအစာကြေဆေးများဝေမျှပေးခဲ့ကြောင်း သိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost





No comments:
Post a Comment