MNP ၊ ဩဂုတ် ၁၀
ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင်၊အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်း များအဆင်ပြေချောမွှေ့စေရေး၊ပြည်သူ့အကျိုးပြုလုပ်ငန်းများအကောင်အထည်ဖော်ဆောင် ရွက်နိုင်ရေး၊ဝန်ထမ်းများလုပ်ငန်းညှှိင်းအစည်းအဝေးကို လူထုအခြေ ပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့ နေ့လယ်ပိုင်းက ပြုလုပ်ခဲ့သည်။
ထိုသို့ ဝန်ထမ်းများလုပ်ငန်းညှှိင်းအစည်းအဝေးပြုလုပ်ရာတွင် အမ်းမြို့ နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းကပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည်ပြောင်းလဲလာသောခေတ်စနစ်နှင့်အညီ လူ့ စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူ့ဝန် ဆောင်မှုလုပ်ငန်းများ ၊ပြည်သူအများအသိပညာအ တတ်ပညာ ဗဟုသုတနှင့်လူမှုဘဝဖွံ့ဖြိုးတိုး တက်စေရန် ၊ပြည်သူများစိတ်ချမ်းသာစွာဖြင့် စာပေများလေ့လာဖတ်ရှုနိုင်ရန်စီစဥ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျေးလက်စာကြည်တိုက်များရှင်သန်နိုင်ရေး နှင့်လူ ငယ်အသိပညာပေးဟောပြောပွဲများ၊လူငယ်စကားဝိုင်းများ၊ စာဖတ်ရှိန်မြှှင့်တင်ရေး စာဖတ်ဝိုင်းများအား ကျယ်ကျယ်ပြန့်ပြန့်ဆောငျရှကျနိုငျရနျ နှင့်ဝန်ထမ်းတစ်ဦးချင်းစီ၏ ယခင်လမြို့နယ်ရုံးအတွက်ဆောင်ရွက်မှုနှင့် ဒေသဖွံ့ဖြိုးရေးအတွက်ဆောင်ရွက်ချက်နေ့စဥ်မှတ်များ၌ အားနဲချက် အားသာချက်များအ ပေါ်တည့်မတ်ဆောင်ရွက်ပေးပြီး ယခုလ ဆောင်ရွက်မည့်လုပ်ငန်းများ အားဝန် ထမ်းတစ်ဦးစီ၏သဘောထားအမြင် များအားဆွေးနွေးခဲ့ရာဝန် ထမ်းများ၏ ဆွေးနွေးချက်များအပေါ် ဦးစီးအရာရှိ ဦးစန်းဝင်းကလိုအပ်ချက်များ စနစ် တကျဆောင်ရွက်နိုင်ကြရန်အတွက်ထပ်ဆင့်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost






No comments:
Post a Comment