MNP ၊ ဩဂုတ် ၁၀
ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးစီးဌာနနှင့်တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်း၍ ရာသီတုပ်ကွေးရောဂါကာကွယ်ရေးနှင့်ကုသရေးအသိပညာပေးTalk Show ဆွေးနွေးပွဲကို ဩဂုတ် ၁၀ရက် နံနက်ပိုင်းက မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်အေးယုဝေက Talk Show အစီအစဉ်ပြုလုပ်ရသည့်ရည်ရွယ်ချက်ကိုပြောကြားပြီးအစီအစဉ်တင်ဆက်သူအဖြစ်ဆောင်ရွက်ခဲ့သည်။
ထို့နောက် မြို့နယ် တိုင်းရင်းဆေးကုဌာန ဆေးခန်းမှူးဒေါ်အေးမြတ်မွန်စိုးက မိုးရာသီ ကာလ၌ ဖြစ်တတ်သည့် ရာသီတုပ်ကွေး၏ လက္ခဏာ များအကြောင်း၊ ကာကွယ်ရန်နှင့် ကုသရေးအကြောင်း၊ကူးစက်နိုင်သည့်အကြောင်း အရာများ၊ရောဂါဖြစ်ပွားပါက သဘာဝကုထုံးများဖြင့် ကုသမှုခံယူရန်အကြောင်းတို့ကို အကျယ်တဝင့် ဆွေးနွေး ပြောကြားခဲ့သည်။
ကျိုက်ထိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် ပြည်သူအသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး Talk Show အစီအစဉ်များကိုလည်း ပြည်သူများ အကျိုးရှိစေမည့် သတ်မှတ် ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်လျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment