ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ



MNP ၊  ဩဂုတ်  ၁၂

မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် ပညာရေးမှူးရုံးတို့ ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက်(၉)တွင် လူထုအခြေပြုဗဟိုဌာနသင်တန်းခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှု့နိုင်စေရန်၊ အသိပညာဗဟုသုတနှင့် ပြည့်စုံသော နိုင်ငံ့သားကောင်းများ ပေါ်ထွက်လာစေရန်၊ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်လာစေရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် ဆွေးနွေးပွဲကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပါသည်။


ထို့နောက် ကျောင်းစာကြည့်တိုက်တာဝန်ခံများက  ကျောင်းစာကြည့်တိုက်၏ သီးသန့်အခန်းထားရှိရန်အချက်များ၊ အလင်းရောင်ကောင်းမွန်စွာရရှိရေးနှင့် လေဝင်လေထွက် ကောင်းမွန်ရေး၊ စာကြည့်တိုက်သုံးပရိဘောဂများ ပြည့်စုံစွာရရှိရေး၊ စာဌားကောင်တာနှင့် စာကြည့်တိုက်မှူးသတ်မှတ်တာဝန်ပေးရေး၊ အားလပ်ချိန်တွင် စာအုပ်၊ စာပေလေ့လာဖတ်ရှု့နိုင်ရေးအတွက် တစ်ခန်းဝင်၊ တစ်ခန်းထွက် သယ်ဆောင်နိုင်သည့် စာကြည့်တိုက် စာအုပ်သေတ္တာငယ်ထားရှိရေး၊ လစဉ်ပုံမှန်စာအုပ်စုဆောင်းနိုင်ရေး၊ စာပေဖတ်ရှု့ရုံသာမက အခြားဝါသနာပါသည့် ပန်းချီ၊ကဗျာရွတ်၊ စာဖတ်ဝိုင်းဖွဲ့ဆွေးနွေးခြင်းများ ဆောင်ရွက်ပေးရေး၊ မိမိတို့ကျောင်းစာကြည့်တိုက်၏ ပြင်ဆင်ထားရှိမှုများ၊ လိုအပ်ချက်များ အစရှိသည်တို့ကို ဆွေးနွေးကြသည်။


အဆိုပါဆွေးနွေးပွဲသို့ ကျောင်းစာကြည့်တိုက်တာဝန်ခံ (၁၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)