မချမ်းဘော အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မချမ်းဘော အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ





MNP ၊  ဩဂုတ်  ၁၂

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။ အခမ်းအနားတွင် Grade-9 ကျောင်းသူ၊ ကျောင်းသားများက ဘက်စုံပညာကိုယ်ရည် ဒို့လှမ်းချီသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက အဖွင့်အမှာစကား ပြောကြားကာ ဒုတိယမြို့နယ်ပညာရေးမှူး ဦးခေါ့ထိန်က စနစ်သစ်ပညာရေးနှင့်ပတ်သက်၍ ဆရာ၊ ဆရာမများ၏ ဆောင်ရွက်လိုက်နာရမည့် အချက်များကို လမ်းညွှန်အမှာစကားပြောကြားခဲ့သည်။


ထို့နောက် မိဘဆရာအသင်း ဒုတိယဥက္ကဋ္ဌ ဦးလဘန်းဖုန်ဆားရ်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မိဘဆရာအသင်း၏ ရငွေသုံးငွေစာရင်း ရှင်းတမ်းများကို ရှင်းလင်းပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် KG တန်းမှ ဧကဒဿမတန်းအထိ ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများနှင့် တက္ကသိုလ်ဝင်တန်းရိုးရိုးအောင်မြင်သူ (၂) ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၂) ဦး၊ (၂) ဘာသာဂုဏ်ထူးရှင်(၁) ဦးနှင့် အလယ်တန်းအဆင့် နိုင်ငံတော်အဆင့် လူရည်ချွန်ဆုရကျောင်းသူ (၁) ဦးတို့ကို ဆုများအသီးသီး ချီးမြှင့်ခဲ့ကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။


ယောရွှေနီ 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)