မြောက်ဦးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် မိသားစုဝင်ငွေတိုးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရန်အတွက် အခြေခံစက်ချုပ်နည်းပညာသင်တန်း ပို့ချလျှက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် မိသားစုဝင်ငွေတိုးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရန်အတွက် အခြေခံစက်ချုပ်နည်းပညာသင်တန်း ပို့ချလျှက်ရှိ





MNP ၊  ဩဂုတ်  ၁၈

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဖွင့်လှစ်သင်ကြား ပို့ချသော အခြေခံစက်ချုပ်နည်းပညာသင်တန်း (ပထမအကြိမ်) အဖြစ် ဩဂုတ် ၁၄ ရက်နေ့ မှ စတင်၍  ထမ္မရာဇ်ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး တွင် သင်ကြား ပို့ချပေးလျက် ရှိကြောင်း သိရသည်။


အဆိုပါ သင်တန်းကို မြောက်ဦးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ  ဒေါ်ပန်းကြာမုံ ဦးဆောင်ကြီးကြပ်မှုဖြင့် မိသားစုဝင်ငွေတိုးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရန်အတွက် ကျေးလက်နေအမျိုးသမီးများအလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်၊ စက်ချုပ် နည်းပညာရပ်များကို အသုံးပြု၍ အဝတ်အထည်များအဖြစ် ထုတ်လုပ်လာနိုင်စေရန်၊ ကျေးလက်ဒေသရှိ အမျိုးသမီးငယ်များ စက်ချုပ်နည်းအညာရပ်ကို တတ်ကျွမ်းပြီး တစ်ပိုင်တစ်နိုင် လုပ်ငန်းများ ထူထောင်၍ မိသားစုဝင်ငွေတိုးပွားစေရန် နှင့် နောက်ပိုင်းတွင် အဆင့်မြှင့် ဒီဇိုင်းနာ သင်တန်းများကိုလည်း တက်ရောက် နိုင်မည်ဖြစ်သည်။


ထို့နောက် သင်တန်းနည်းပြ ဆရာမများက အခြေခံစက်ချုပ်နည်းပညာ စက်ကိုင်တွယ် အသုံးပြု နည်းများ၊ စက်နင်းလေ့ကျင့်ခြင်းနှင့် အခြေခံချုပ်ရိုးများ ချုပ်ခြင်း၊အမျိုးသမီးဝတ် ရင်စေ့အင်္ကျီ ၊ နောက်ကွဲ ခါးတင်အင်္ကျီ စသော အခြေခံခြုပ်နည်းများကို စာတွေ့၊လက်တွေ့ သင်ကြား ပို့ချပေး လျက်ရှိပြီး သင်တန်းတွင် မြောက်ဦးမြို့၊ ထမ္မရာဇ်ရပ်ကွက်မှ သင်တန်း သူ(၁၀) ဦး တက်ရောက် လျက် ရှိကာ  (၁၄-၈-၂၀၂၃) ရက်နေ့မှ (၁၃-၉-၂၀၂၃) ရက်နေ့ အထိ (၁)လကြာ ဖွင့်လှစ်ပို့ချ သွားမည်ဖြစ်ပြီး  မွမ်းမံစက်ခြုပ်သင်တန်းကိုလည်း (၂၈-၉-၂၀၂၃) ရက်နေ့ မှ (၁၂-၁၀-၂၀၂၃) ရက်နေ့ အထိ ဖွင့်လှစ်သင်ကြားပေးပို့ပေးသွားမည်ဖြစ်၍ ၎င်းသင်တန်းပြီးမြောက်ပါက သင်တန်း သူထူးချွန်သူ(၅) ဦးကို ရွေးချယ်၍ နိုင်ငံတော်မှ တစ်ဦးလျှင် ငွေကျပ်(၁၀) သိန်း နှင့်ညီမျှသော  ရင်းနှီးမတည်ပစ္စည်းများထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။


မြင့်စိုး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)