ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီနှင့်အဖွဲ့ မုန်းဝန်း ယဉ်ကျေးမှုအဖွဲ့အား လက်ခံတွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီနှင့်အဖွဲ့ မုန်းဝန်း ယဉ်ကျေးမှုအဖွဲ့အား လက်ခံတွေ့ဆုံ










MNP ၊ ဩဂုတ် ၁၈

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ဦးဆောင်၍ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ ဦးမျိုးဇော်သိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သူ၊ ဒေါက်တာမောင်သင်း၊ ဦးအေးလွင်တို့သည် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် မုန်းဝန်းယဉ်ကျေးမှုအဖွဲ့အား ပါတီဌာနချုပ်ညီလာခံခန်းမ၌ ရင်းရင်းနှီးနှီးလက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

တွေ့ဆုံမှုနှင့် ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီက "ဒီကနေ့ တွေ့ဆုံမှုမှာ ကျွန်တော်လေ့လာခဲ့ဖူးတဲ့ မုန်းဝန်းသမိုင်းကြောင်း၊ မုန်းဝန်းနယ်မြေ ဖြစ်ပေါ်လာပုံ၊ ထိုစဉ်က ဗမာပြည်ကွန်မြူနစ်ပါတီအားကောင်မောင်းသန် ရှိခဲ့စဉ်ဖြစ်လို့ ဒေသကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်တွေကို အဲဒီနယ်မြေတွေမှာ နေ့မအားညမနား အတူတကွလက်တွဲပြီး ကာလရှည်စွာ တာဝန်ထမ်းဆောင်ခဲ့တာတွေ သူတိုရဲ့ ကျေးရွာတွေမှာ တည်းခို နေထိုင်ခဲ့ဘူးပြီး မိသားစုသဖွယ် စားအိမ်သောက်အိမ် ဖြစ်ခဲ့ရတာတွေ၊  လက်ရှိဆောင်ရွက်နေတဲ့ ဒေသဖွံဖြိုးရေးလုပ်ငန်းတွေ၊ ဘိမ်းအစားထိုးလုပ်ငန်း အနေနဲ့ ပေါ်ပေါက်လာတဲ့ လက်ဖက်စိုက်ပျိုးရေးလုပ်ငန်းတွေအထိ ကဏ္ဍစုံကို အချိန်အတော်ကြာ ပြောဖြစ်ခဲ့ပါတယ်။ မုန်းဝန်းယဉ်ကျေးမှုအဖွဲ ဥက္ကဋ္ဌဖြစ်တဲ့ ဦးမြင့်လွင်ကလည်း ဒေသအခြေအနေတွေနဲ့ ငယ်စဉ်က လက်တွဲဆောင်ရွက်ခဲ့တာတွေကို ခေါင်းစဉ်ပေါင်းများစွာနဲ့ သတိတရတမ်းတမ်းတတပြန်လည်ပြောဆိုခဲ့ပါတယ်။" ဟု ရေးသားဖော်ပြထားသည်။

ထို့နောက် မုန်းဝန်းယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးမြင့်လွင်နှင့် မုန်းဝန်းယဉ်ကျေးမှုဇုံများမှ အဖွဲ့ခေါင်းဆောင်များက လည်း ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။

ပါတီဥက္ကဋ္ဌ ဦးခင်ရီနှင့် ဒုတိယဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး၊ ဗဟိုအလုပ်အမှုဆောင်များက မုန်းဝန်းယဉ်ကျေးမှုအဖွဲ့ဝင်များကို ပါတီ၏ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)