MNP ၊ ဩဂုတ် ၁၈
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့၌ ကုန်ပစ္စည်းများအား ဈေးနှုန်းမြှင့်တင်ရောင်ချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့၊ မွန်းလွဲပိုင်းက မြို့နယ်အဆင့် အခြေခံစားသောက်ကုန် ဈေးနှုန်းများထိန်းသိမ်းကြီးကြပ်ရေးကော်မတီနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များရှိဈေးဆိုင်များနှင့်မြို့မဈေးကြီးအတွင်း ရောင်းချလျက်ရှိသော ကုန်ပစ္စည်း အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်စံဝင်းနှင့် အဖွဲ့ဝင်များ၊ ပုဏ္ဏားကျွန်းမြို့နယ်စားသုံးသူရေးဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးလှမောင်အေး၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့မှတာဝန်ရှိသူတို့က မြို့ပေါ်ရပ်ကွက်များရှိ စားသောက်ကုန် ပစ္စည်းများအရောင်းဆိုင်များ၊ ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်များ၊ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များ၊ ဆန်ပွဲရုံများနှင့် မြို့မဈေးကြီးအတွင်း ရောင်းချလျက်ရှိသော ဆန်ဆိုင်များ လူသုံးကုန်ပစ္စည်းအမျိုးမျိုးအရောင်းဆိုင်များသို့ သွားရောက် ၍ ဈေးနှုန်းတင်ရောင်းချခြင်းများ ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး၊ ပုံမှန်ဈေးနှုန်းများထက်ပို၍ ဈေးနှုန်းတင်ရောင်းချခြင်းများ မပြုလုပ်ကြရန် သတိပေးနိုးဆော်ခဲ့ကြောင်းသိရသည်။
နီထွန်းအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment