မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်လျက်ရှိသော မြို့တွင်းလမ်းခင်းခြင်းနှင့် ရေနုတ်မြောင်းဖောက်လုပ်ခြင်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်လျက်ရှိသော မြို့တွင်းလမ်းခင်းခြင်းနှင့် ရေနုတ်မြောင်းဖောက်လုပ်ခြင်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေး






MNP ၊  ဩဂုတ်  ၁၈

မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ပေါ်ရပ်ကွက်များတွင် မြို့ပြအင်္ဂါရပ်နှင့်အညီဖြစ်စေရေး မြို့တွင်းလမ်းများခင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ဆောင်ရွက်ခြင်းနှင့် သောက်သုံးရေဖြန့်ဝေပေးခြင်းလုပ်ငန်းများကို နှစ်စဉ်နှစ်တိုင်း ဦးစားပေးလုပ်ငန်းအလိုက် ဆောင်ရွက်ပေးလျက်ရှိရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့်အတူ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါကာ သြဂုတ်လ ၁၆ ရက်နေ့ နံနက်ပိုင်းက မကွေးမြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်လျက်ရှိသော မြို့တွင်းလမ်းခင်းခြင်းနှင့် ရေနုတ်မြောင်းဖောက်လုပ်ခြင်းလုပ်ငန်းများအား ကွင်းဆင်းသွားရောက် ကြည့်ရှုစစ်ဆေးသည်။


ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ငွေလုံး ငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် မကွေးမြို့ပေါ် ရပ်ကွက်များရှိ စိတ္တသုခလမ်း(၁၈၇၀’×၁၄’×၉”) ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ ဇီဇဝါလမ်း (၁၉၁၅’×၁၈’×၈”) ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ ရန်မျိုးနိုင် (၆) လမ်း (၄၁၀’×၃’×၃’) ရေအုတ်မြောင်းပြုလုပ်ခြင်းလုပ်ငန်း၊ စွယ်တော်လမ်း (၁၈၅၀’×၁၆’×၈”) ကွန်ကရစ် ခင်းခြင်းလုပ်ငန်း၊ မဲဇလီလမ်း(၁၁၅၀’×၁၆’×၈”) ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် တောင်တွင်းလမ်း (၂၅၅၄’×၂’×၂-6’’)ရေအုတ်မြောင်း ပြုလုပ်ခြင်းလုပ်ငန်းများ လုပ်ဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်၍ ကြည်ရှုစစ်ဆေးရာ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးထင် အောင်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူတို့က လိုက်လံရှင်းလင်းတင်ပြခဲ့ကြပြီး၊ ရှင်းလင်းတင်ပြ ချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က မြို့ပေါ်ရပ်ကွက်နေပြည်သူများ ပိုမိုကောင်းမွန်သည့် လူမှုဘဝများရရှိစေဖို့ ခုလိုကွန်ကရစ်လမ်းများခင်းပေးခြင်း၊ မြို့တွင်းလမ်းများသွားလာမှု ကောင်းမွန်အဆင်ပြေစေရေး ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများပြုလုပ် ပေးခြင်းဖြစ်ကြောင်း၊ စည်ပင်သာယာရေးအဖွဲ့ အနေဖြင့် လုပ်ငန်းများ သတ်မှတ်ကာလများအတွင်း လုပ်ထုံးလုပ်နည်းများနှင့်အညီ အရည်အသွေးပြည့်မီစွာ အချိန်မီ ပြီးစီးရေး အလေးထားဆောင်ရွက် ကြရမှာဖြစ်သလို လုပ်ငန်းများပြုပြင်ထိန်းသိမ်းခြင်းနဲ့ ပြုပြင်မွန်းမံခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ မြို့တွင်းလမ်းများတွင် ယာဉ်အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေး ဆောင်ရွက်လျက်ရှိသော လမ်းလယ်ကျွန်းမျဉ်း၊ လမ်းလယ်မျဉ်းရေးဆွဲမှုနှင့် ရပ်မျဉ်းများ၊ ယာဉ်ကြာခွဲမျဉ်းများ၊ လမ်းလယ်များ၊ လမ်းနယ်မျဉ်းများရေးဆွဲမှုများကို အမြန်ဆုံးပြီးစီးဆောင်ရွက်နိုင်ရေးနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြား ဆောင်ရွက်သည်။


မကွေးမြို့နယ်တွင် ရပ်ကွက်(၁၅)ရပ်ကွက်၊ ကျေးရွာအုပ်စု (၆၁)အုပ်စုရှိကာ မြို့ရွာသန့်ရှင်း သာယာလှပစေရေးအတွက် နှစ်စဉ်နှစ်တိုင်း လိုအပ်လျက်ရှိသောနေရာများအား အဓိကဦးစားပေး၍ တည်ဆောက်ရေးလုပ်ငန်းများ၊ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းနှင့် မွန်းမံပြင်ဆင်ခြင်း လုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


မောင်ညီညာ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)