ရွှေတောင်မြို့နယ်၊ အထက(ခွဲ)ကံသုံးဆင့်ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်၊ အထက(ခွဲ)ကံသုံးဆင့်ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်





MNP ၊  ဩဂုတ်  ၁၇

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊‌ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း ကို ဩဂုတ် ၁၇ ရက် မွန်းလွဲ(၁)နာရီအချိန်က ရွှေတောင်မြို့နယ်၊အ-ထ-က (ခွဲ) ကံသုံးဆင့် ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ (ကိုယ်စား)ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးရာဇာလင်း က အဖွင့်အမှာစကားပြောကြားပြီး ဒုတိယမြို့နယ်ပညာ‌ရေးမှူး ဦးအောင်နိုင်ဝင်းက ထပ်ဆင့်အမှာစကားပြောကြားခဲ့သည်။ 


ဆက်လက်၍ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်လာစေရန်၊အသိပညာဗဟုသုတများ တိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်များ ထက်မြက်လာစေရန်၊ စဥ်းစားတွေးခေါ်မှု စွမ်းရည်များ ရင့်သန်လာစေရန်နှင့် ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်၊ လူကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ 


ဆက်လက်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်နှင့် အထက်တန်းပြဆရာကြီး ဦးနိုင်သူ တို့က ဦးဆောင်ဆွေးနွေးသူများအဖြစ် ဆောင်ရွက်ပြီး အထက(ခွဲ)ကံသုံးဆင့်ကျောင်းမှGrade-12 ကျောင်းသား/သူများဖြစ်သော မောင်ကြည်လွင်အောင်က လူငယ်နှင့် နည်းပညာ ၊ မနှင်းဝေမိုးက လူငယ်နှင့် စိန်ခေါ်မှု ၊‌ Grade-11‌ေကျာင်းသား/သူ မောင်‌‌အောင်ပြည့်စုံက လူငယ်နှင့် ပညာရေး၊ မနှင်းအိ‌ေန္ဒြက လူငယ်နှင့်အလှအပ ခေါင်းစဉ်များဖြင့် အသီးသီးဦးဆောင်ဆွေးနွေးကြရာ တက်ရောက်လာသူကျောင်းသား၊ကျောင်းသူများက ကဏ္ဍအလိုက်သိရှိလိုသည်များအားမေးမြန်းကြရာဦးဆောင်ဆွေးနွေးကြသူများကပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။


အဆိုပါ လူငယ်စကားဝိုင်းသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယမြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာကြီးနှင့်ဆရာ၊ဆရာမများ၊ကျောင်းသား၊ကျောင်းသူ စုစုပေါင်း(၁၂၀) ဦး တက်ရောက်ခဲ့ကြပြီးစကားဝိုင်းဆွေးနွေးပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့်စာအုပ်ပြပွဲများ ခင်းကျင်းပြသထားရာ တက်ရောက် လာကြသောကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သတင်းရရှိသည်။


ကိုကိုမင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)