MNP ၊ ဩဂုတ် ၁၇
ရခိုင်ပြည်နယ်၊တောင်ကုတ်ခရိုင်၊တောင်ကုတ်မြို့နယ်တွင် ခရိုင်တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၉)နာရီအချိန်က မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် တောင်ကုတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ၊ ခရိုင်တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေး ကော်မတီ ဥက္ကဌ ဦးကျော်မြင့်လှိုင် ကအမှာစကားပြောကြားပြီးနောက် ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ်၊စီမံကိန်းအဆိုပြု ချက်ရေးဆွဲထားရှိမှုအခြေများအား တောင်ကုတ်မြို့နယ်နှင့်မာန်အောင်မြို့နယ်တို့မှ မြို့နယ်စီမံကိန်းရေးဆွဲရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးများကရှင်းလင်းတင်ပြကြရာ တောင်ကုတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုး က လိုအပ်သည်များကို ပြန်လည်ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ၊ ခရိုင်ဦးစီးမှူုး ဦးထွန်းသိန်း(တာဝန်ခံ)က ၂၀၂၃-၂၀၂၄ မိုးစပါး စိုက်ပျိုးထားရှိမှုအခြေအနေများအားရှင်းလင်းတင်ပြပြီးနောက် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်း ဦးစီးဌာန မှ မြို့နယ်ဦးစီးမှူး ဦးတင်လင်းထွဋ် က လှပ်မြေများအတွင်း မိုးစပါးစိုက်ပျိုးပြီးစီးမှုအခြေအနေများကို ရှင်းလင်း တင်ပြပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး နှင့်အဖွဲ့ဝင်များက လိုအပ်သည်များ ကိုဖြည့်စွက် ဆွေးနွေးသည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုး နှင့်အဖွဲ့ဝင်များ ၊ ခရိုင် ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment