မိုးနဲမြို့နယ်တွင် မိုးစပါးလျာထားချက်ပြည့်မီရေး ဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးနဲမြို့နယ်တွင် မိုးစပါးလျာထားချက်ပြည့်မီရေး ဆောင်ရွက်လျက်ရှိ



MNP ၊  ဩဂုတ်  ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း) ၊နမ့်စန်ခရိုင် ၊မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မိုးစပါးလျာထားချက်ပြည့်မီရေးအတွက် ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၂၁ ရက်နေ့နံနက်ပိုင်းက နားလင်းကျေးရွာရှိ တောင်သူ ဦးစိုင်းပီး၏ လယ်မြေသုံးဧကနေရာ၌ မိုးစပါးပန်းတိုင် ရရှိရေးစံပြကွက် စိုက်ပျိုးနေမှုအားကွင်းဆင်း ကြီးကြပ်ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဇော်မော်ဦးနှင့် ကွင်းတာဝန်ခံများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး ဦးထွန်းဝင်းနှင့်ကွင်းတာဝန် ခံများက တောင်သူများနှင့် အတူ မိုးစပါးပန်းတိုင်ရရှိရေးအတွက် လိုအပ်သော နည်းပညာများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မိုးစပါးလျာထားချက်ပြည့်မီရေး ၊ပန်းတိုင်ရရှိရေးအတွက် လိုအပ်သော နည်းပညာများ ၊သွင်းအားစုများကို ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိ‌ပြီး ယခုနှစ်မိုးစပါးလျာထားဧက ၉၅၉၅ ဧကအနက် ၈၆၇၆ ဧကစိုက်ပျိုးပြီးစီးသွားပြီးဖြစ်ပြီး ဩဂုတ်လ ကုန်ပိုင်းတွင် လျာထားချက် ပြည့်မီအောင် စိုက်ပျိုးသွားနိုင်မည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည် ။


မျိုးညွန့်ရွှေ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)