တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ




MNP ၊  ဩဂုတ်  ၂၂

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားခဲ့သည်။


အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်၏ အခြေအနေအရ သက်တမ်းတိုးမြှင့်သည့်ကာလအတွင်း ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်နှင့်ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့က ဆောင်ရွက်နေမှုအခြေအနေများနှင့် ရှေ့ဆောင်ရွက်ရမည့် လုပ်ငန်းများအား မှာကြားလိုခြင်းကြောင့် တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ၏ နိုင်ငံရေးရည်မှန်းချက် (၂)ရပ်တွင် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒိမိုကရေစိစနစ်ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးနှင့် အမျိုးသားရေးရည်မှန်းချက်နှစ်ရပ်မှာ တိုင်းပြည်သာယာဝပြောရေး၊ စားရေရိက္ခာဖူလုံရေးတို့ပင်ဖြစ်ကြောင်း တိုင်းဒေသကြီးတွင် စီးပွားရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးသည်အရေးကြီးကြောင်း၊ စိုက်ပျိုးရေးအနေဖြင့် တိုင်းဒေသကြီးတွင် အဓိကအရေးကြီးသည်မှာ ဒေသဝမ်းစာဖူလုံမှုတွင် ဆန်စပါးသည် အရေးကြီးပြီး သွင်းအားစုနှင့် စက်မှုလယ်ယာများကို သက်ဆိုင်ရာဌာနဆိုင်ရာများအနေဖြင့် ကြိုးစားဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ဆီကြမ်းထွက်ပြီး ဆီချောစက်ရုံမရှိသောကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဆီချောစက်ရုံတည်ဆောက်နိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိပြီး တန် ၂၀ စက်ရုံ တည်ဆောက်နိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးရေးတွင် ရာဘာ၊ ဆီအုန်း၊ ကွမ်းသီး ကြိုးစား ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မွေးမြူရေးအနေဖြင့် တိုင်းဒေသကြီးတွင် ငါး၊ ပုဇွန်၊ ဂဏန်းများသည် ဒေသအတွင်း အဆင်ပြေလျက်ရှိပြီး တိုင်းဒေသကြီးအနေဖြင့် ငါးမွေးမြုရေးတွင် ကန်(၄၀၀) မွေးမြူမည်ဆိုပါက ပိုမိုအဆင်ပြေနိုင်ကြောင်း၊ ပုလဲမွေးမြူရေးသည်လည်း ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လျှပ်စစ်ဓာတ်အားသက် သာစွာရရှိရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပညာရေးကဏ္ဍတိုးတက်မြင့်မားအောင် ဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေနိုင်အောင်ရေး၊ ဆရာမခန့်ထားနိုင်ရေးနှင့် မိမိတို့ရည်မှန်းထားသည့်အတိုင်း ကျေးရွာများတွင် KG-9 အဆင့် ပြီးမြောက်အောင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း တိုင်းဒေသကြီးဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ဝိုင်းဝန်းပူးပေါင်း ညှိနှိုင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် ဌာနရှိဝန်ထမ်းများနှင့် ပြည်သူများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်နှင့်ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့က အကောင်အထည်ဖော်ဆောင်ရွက်နေမှုအား ချပြရှင်းလင်းပေးရန် လိုအပ်ကြောင်း ပြောကြားသည်။


အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ တိုင်းဒေသကြီးခရိုင်/မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)