MNP ၊ ဩဂုတ် ၁၀
ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှကြီးမှူး၍ ပေါက်တောမြို့နယ်အတွင်းရှိ ထေရ်ကြီးဝါကြီး ဆရာတော် ( ၈ ) ပါးအား ဝါဆိုသင်္ကန်း နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရို အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေး နှင့် အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာ အကြီးအကဲများက နမောတဿ သုံး ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး သဝင်ချောင်းကျောင်းဆရာတော် မဟာသဒ္ဒမ္မဇောတိကဓဇ၊ ဘဒ္ဒန္တ ဥတ္တမ ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။
ယင်းနောက် ဆရာတော်ကြီးများ ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တသုတ်ပရိတ်တရားတော်များကို နာယူကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေး နှင့် အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာ အကြီးအကဲများက ရခိုင်ပြည်အစိုးရအဖွဲ့မှ ကြီးမှူး၍ လှူဒါန်းသည့် ဝါဆိုသင်္ကန်း နှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် မြို့နယ်သံဃာနယယာက ဥက္ကဋ္ဌ မနော်သီရိကျောင်းဆရာတော် ဘန္ဒန္တ ဝဏ္ဏဓဇ ထံမှ အနုမောဒနာတရား နားယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံး ကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြကြောင်း သိရသည်။
ဝင်းမင်းစိုး
https://t.me/MyanmarNationalPost





No comments:
Post a Comment