မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဆန်မျိုးစုံကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဆန်မျိုးစုံကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေး



MNP ၊  ဩဂုတ်  ၁၀

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ကုန်သည်စက်မှုအသင်းချုပ် ညီနောင်အသင်းအဖွဲ့များ၊ ဆန်စပါးပို့ကုန်ကုမ္ပဏီများ၊ ဆန်စက်များ၊ ဆန်ကုန်သည်များ စုပေါင်း၍ ဆန်ဈေးနှုန်းတည်ငြိမ်စေရန်နှင့် အခြေခံပြည်သူများအတွက် သက်သာသော ဈေးနှုန်းများဖြင့် အရည်အသွေးမှန်သော ဆန်များရောင်းချပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။


မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်သည် ပေါ်ဆန်း၊ ဧည့်မထ၊ ရက် (၉၀) စသည့် ဆန်မျိုးစုံကို စားသုံးသူများအတွက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိရာ  ရန်ကုန်(ပြည်သူ့ရင်ပြင်) မိုးရာသီဈေးရောင်းပွဲတော်၊ လမ်းမတော် ဝါးတန်းဆန်စပါး ကုန်စည်ဒိုင်နှင့် ဘုရင့်နောင်ဆန်စပါးကုန်စည်ဒိုင်တို့တွင် ဆန်အရောင်းဆိုင်များ ဖွင့်လှစ်၍ ရောင်းချပေးလျက်ရှိသည်။


ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လက်လီအရောင်းဆိုင်များကိုလည်း တစ်ဆိုင်လျှင် ဧည့်မထဆန် အိတ်အကြီး (၅၀)နှုန်းဖြင့် (နှစ်ပတ်လျှင်တစ်ကြိမ်) စနစ်တကျ စာရင်းပြုစု၍ ဖြန့်ဝေရောင်းချရန်စီစဉ်လျက်ရှိပြီး လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊ တောင်/မြောက်ဒဂုံ၊ တောင်/မြောက်ဥက္ကလာ၊ ဒလ၊ တွံတေး၊ မှော်ဘီ၊ မင်္ဂလာဒုံစသည့် မြို့နယ်များတွင်လည်း နေရာရွေး၍ အရောင်းဆိုင်သတ်မှတ်ဆောင်ရွက်ခြင်း၊ ကားဖြင့်လှည့်လည်ရောင်းချခြင်း တို့ကိုလည်း စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။


အောင်မြင့်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)