စလင်းမြို့နယ်တွင် ကျောင်းသား၊ကျောင်းသူကလေးငယ်များအား သန်ချဆေးတိုက်ကျွေးခြင်း လုပ်ငန်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

စလင်းမြို့နယ်တွင် ကျောင်းသား၊ကျောင်းသူကလေးငယ်များအား သန်ချဆေးတိုက်ကျွေးခြင်း လုပ်ငန်းဆောင်ရွက်


MNP ၊  ဩဂုတ်  ၁၀

မကွေးတိုင်းဒေသကြီး၊  မင်းဘူးခရိုင်၊  စလင်းမြို့၌  ကျောင်းကျန်းမာရေးသီတင်းပတ်အဖြစ်  ကျောင်းအခြေပြု သန်ချဆေး တိုက်ကျွေးခြင်း  အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြေမိရပ်ကွက်အတွင်းရှိ အခြေခံပညာ မူလတန်းကျောင်းတွင်  ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါအခမ်းအနားတွင်  စလင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဆရာမများနှင့်မိခင်နှင့်ကလေး  စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နန္ဒာဝင်းတို့ တက်ရောက်ခဲ့ပြီး  ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား  သန်ချဆေး တိုက်ကျွေးရခြင်းနှင့်  ပတ်သက်၍  ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ သန်ချဆေးများ တိုက်ကျွေးရာသို့  မြို့နယ်ကျန်းမာရေးဆရာမများနှင့်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နန္ဒာဝင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ ဆရာ/ဆရာမများက သန်ချဆေးများ  တိုက်ကျွေးခြင်းများကို  ဆောင်ရွက်ကြကြောင်း  သိရှိရသည်။


မောင်လွင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)