ပေါင်မြို့နယ်၌ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များစွာ ပေါ်ထွက်လာစေရေး ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များစွာ ပေါ်ထွက်လာစေရေး ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်




MNP ၊  ဩဂုတ်  ၂၅

မွန်ပြည်နယ်၊ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန၊လူငယ်ရေးရာကော်မတီတို့ ပူးပေါင်း၍  လူငယ်စကားဝိုင်းကို ယနေ့ နေ့လယ် ( ၁ ) နာရီက ပေါင်မြို့နယ်   ( အထက ) ကျွဲခြံကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ လူငယ်စကားဝိုင်းတွင်ဒုတိယမြို့နယ်ပညာရေးမှူး ဦးညွှန့်တင် က အဖွင့်အမှာ စကားပြောကြားပြီး ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ဦးစီးအရာရှိဒေါ်တင်ဇာစိုး က လူငယ်များအား စာဖတ်ရှိန်မြှင့်တင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များပေါ်ထွက်လာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်စကားဝိုင်းများ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် ကျောင်းသားလူငယ်များ စာဖတ်စွမ်းရည်များ တိုးတက်လာပြီး အသင်းအဖွဲ့များတွင် ပါဝင် လုပ်ဆောင်ဆွေးနွေးတတ်သည့် အလေ့အကျင့်များ ၊ ကိုယ်ရည်ကိုယ်သွေးများနှင့် နှုတ်မှုစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။


ယင်းနောက် လူငယ်စကားဝိုင်းကိုကျင်းပရာ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဦးစီးအရာရှိ ဒေါ်တင်ဇာစိုး နှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူးဒေါ်အေးသီတာအောင် တို့က Moderator အဖြစ်ဆောင်ရွက်ပြီး ( အထက )ကျွဲခြံကျောင်း မှ  Grade – 11 ကျောင်းသူ မရတနာဦး က “လူငယ်နှင့်မူးယစ်ဆေးဝါး” ခေါင်းစဉ်ဖြင့် လည်းကောင်း ၊ Grade - 10 ကျောင်းသူ မဂျူးဂျူးမောင် က   “လူငယ်နှင့်ကိုယ့်ကျင့်တရား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade - 10 ကျောင်းသူ မဆုဆုသင်း က   “လူငယ်နှင့်ယဥ်‌ကျေးမှု” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade - 11 ကျောင်းသား မောင်သက်ပိုင်ဦး  က   “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade - 11 ကျောင်းသား မောင်ဆန်းသစ်ဦး  က   “လူငယ်နှင့်ကျန်းမာ‌ရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း  အသီးသီး ဦးဆောင်ဆွေးနွေးခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများ က လူငယ်စကားဝိုင်းတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ်အခြေခံကာ မိမိတို့သိရှိလိုသည့် မေးခွန်းများကို မေးမြန်းရာ Moderator ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဦးစီးအရာရှိ ဒေါ်တင်ဇာစိုး ၊အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်အေးသီတာအောင် နှင့်ဆရာမ ဒေါ်ကြည်ကြည်ဝေ တို့က အသီးသီး က ပြန်လည်ဖြေကြားပေးခဲ့သည်။


ယနေ့ကျင်းပသော လူငယ်စကားဝိုင်း သို့ ( အထက ) ကျွဲခြံကျောင်းမှ ဆရာ/ဆရာမများ အပါအဝင် ကျောင်းသား ကျောင်းသူ (၂၅၀) ဦး ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)